ထန်းပင်
ထန်းပင်များသည် ရုက္ခဗေဒအလိုအားဖြင့် ပါလဒေစီအီး သို့မဟုတ် ပါမီမျိုးရင်းတွင် ပါဝင်သည်။ ထိုမျိုးရင်း၌ အုန်းပင်၊ ထန်းပင်၊ ကွမ်းသီးပင်၊ ဓနိပင်၊ ပေပင်၊ စလူပင်၊ စွန်ပလွံပင်၊ ဆက် သွားဖူးပင်မှစ၍ အပင်မျိုးပေါင်း ၁၅၀ဝကျော်မျှရှိသည်။ ယင်းတို့ သည် ထန်းပင်နှင့် မျိုးချင်းနီးစပ်သော ထန်းမျိုးများဖြစ်၍ အပူပိုင်း ဒေသနှင့် အပူလျော့ပိုင်းဒေသ ဇာတိပင်မျိုးဖြစ်သည်။ ယင်းတို့ကို အာရှတိုက်၊ အာဖရိကတိုက်၊ အမေရိကတိုက်နှင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းများ၌ တွေ့ကြရသည်။ သမပိုင်းဇုန်များ၌ ပေါက် ရောက်သော ထန်းမျိုးလည်းရှိသေးသည်။
ထန်းမျိုးတို့သည် မိုးများသော အပူပိုင်းဒေသများ၌ အဖြစ် ထွန်းဆုံးဖြစ်၏။ ထန်းမျိုးဝင် အပင်များသည် ပင်စည်ရှည်မျောမျော ရှိ၏။ အပင်၏ အမြင့်မှာ ပေ ၁၀ဝ အထက် ရှိနိုင်သည်။ အကိုင်း အခက်အလက်များ ဖြာထွက်ခြင်းမရှိဘဲ အပင်ထိပ်၌သာ အကိုင်း အရွက်များ စု၍ထွက်တက်၏။ ကြွေကျသွားသော အရွက်များ၏ အရင်း၌ စက်ဝိုင်းကဲသို့ အရာထင်ကျန်ခဲ့၏။ ထန်းပင်များသည် အပွင့်ပွင့်၏။ အပွင့်တို့သည် အဖိုပွင့်၊ အမပွင့်ဟူ၍ရှိပြီး အရွက်မှာ လည်း ယပ်တောင်ပုံနှင့် ငှက်မွေးပုံရှိပါသည်။ ထန်းပင်နှင့် ပေပင်တို့ ၏အရွက်မှာ ယပ်တောင်ပုံဖြစ်သည်။ ထန်းမျိုး၏ အသီး၊ ပင်စည်နှင့် အရွက်တို့သည် လူတို့အဖို့ အလွန်အသုံးဝင်သော ပစ္စည်းများဖြစ် သည်။ မတ်လ၊ ဧပြီလများ၌ ထန်းပွင့်များပွင့်လေ့ရှိသည်။ ဒီဇင်ဘာ လတွင်လည်း တစ်ဖန်ပွင့်ကြသေးသည်။ ထန်းသီးသည် အရွက်၏အရင်း၌ ကပ်၍ အခိုင်လိုက်တွဲလျက်သီးသည်။
ထန်းသားသည် အတွင်းသားပျော့သော်လည်း အပြင်သား မှာမာကျောပြီး ရေထိလျှင် ပို၍ခိုင်ခံ့သောသဘောရှိ၍ အိမ်ဆောက် ရာတွင် တိုင်၊ ရေတံလျှောက်အဖြစ်လည်းကောင်း၊ လှေပြုလုပ်ရာ တွင်လည်းကောင်း အသုံးပြုတတ်ကြသည်။ ထန်းရွက်များကို ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ်များ ပြုလုပ်တက်ကြသလို အိမ်မိုးရာ၌လည်း အသုံးပြုတတ်ကြသည်။ ရွက်လယ်ကြောများကို တံမြက်စည်းအဖြစ်လည်း ပြုလုပ်ရောင်းချကြသည်။ ထန်းပင်၏အလက်များကို ကုလားထိုင်များ၊ ထိုင်ခုံများ၊ စားပွဲများအဖြစ်လည်း ပြုလုပ်ရောင်းချကြသည်။
ထန်းရည်
ထန်းရည် (Palm Wine) သည် ထန်းပင်မှ ထွက်ရှိလာသော အရည်ဖြစ်ပြီး သောက်သုံးနိုင်သည်။ ၎င်းအရည်ကို သောက်လျှင် ဆေးဖက်ဝင်သကဲ့သို့ လူကိုမူးဝေစေသည်။ ထန်းပင်ကို မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂါနာနိုင်ငံနှင့် အာဖရိကဒေသတွင် အများဆုံး တွေ့ရ သည်။ အဓိက အားဖြင့် မြန်မာနိုင်ငံရှိ မန္တလေးတိုင်းဒေသကြီးတွင် အများဆုံး တွေ့ရသည်။
"ထန်းရည်နဲ့ငါးပိ လူမသိစေနဲ့" ထိုစကားသည် ထန်းရည်၏စွဲမက်ဖွယ်အရသာ ကောင်းမွန်မှုကို အမွှမ်းတင်သော စကား၊ ငါးပိ သည်လည်း မြန်မာအများစု အလွန်နှစ်သက်သောကြောင့် ထမင်း ဝိုင်းတွင် မပါမဖြစ်သောအရာ ထိုနှစ်ခုကို အမွှမ်းတင်တွဲစပ်ပြောလေ့ ရှိခြင်းဖြစ်သည်။ ထို့ပြင် ထန်းရည်အကြောင်း တစ်ဖွဲ့တစ်နွဲ့ သီကုံး စပ်ဆိုထားသည့် သီချင်းများ၊ ကဗျာများပင်ရှိသည်။
ထန်းရည်ကို သောက်သုံးရန်၊ ထန်းလျက်၊ သကာပြုလုပ်ရန် အတွက် စီးပွားဖြစ် စိုက်ပျိုးကြသည်။ ထန်းရည်၌ အချို၊ အခါးဟူ၍ နှစ်မျိုးရှိသည်။ ထန်းရည်အချိုကိုသောက်လျှင် သကြားရည်ကဲ့သို့ ချို၏။ သို့သော် ရင်ခံတတ်သည်။ အခါးရည်ကို သောက်လျှင် အရသာခါး၍ အရက်ကဲ့သို့မူးယစ်စေသည်။ အချိုရည်သည်ကဇော် မပေါက်မီ ဆက်ကရင်သကြားပါသော အရည်တစ်မျိုးပင်ဖြစ်သည်။ ယင်းကို နေမွန်းတည့်ကျော်သည်အထိထားလျှင် အခါးရည်ဖြစ်သွား သည်။ လတ်ဆတ်သော အချိုရည်ကိုသောက်လျှင် ဝမ်းပျော့စေ သည်။ ထန်းရည် ခံယူပုံမှာ ဦးစွာ အဖိုပွင့် သို့မဟုတ် အမပွင့် ပွင့် သောထန်းနို့ကို ထုချေပစ်ရ၏။
ထို့နောက် ထိပ်ဖျားကို ဓားဖြင့်လှီးဖြတ်ရ၏။ ထိုကဲ့သို့ နေ့စဉ် လှီးပေးခြင်းဖြင့် ထန်းနို့မှ ထန်းရည်များ လိုက်လာသည်။ ထန်းရည် ကို မြေအိုး(သို့)ဝါးကျည်တောက်ဖြင့် ခံယူကြသည်။ ထန်းရည်မှ ထန်းလျက်ကို ချက်ယူကြသည်။ ထန်းရည်ကို အဖိုပင်နှင့် အမပင် နှစ်မျိုးစလုံးမှ ရရှိသည်။ ထန်းရည် လှိုင်သောရာသီမှာ ဆောင်းတွင်း နှင့် နွေဦးပေါက်ရာသီဖြစ်သည်။ အမပင်များမှ ထန်းရည်ကို မိုးတွင်း၌ပင်လျှင်ရရှိနိုင်သည်။ အမပင်သည် အဖိုပင်ထက်ထန်းရည် တစ်ဆ(သို့)နှစ်ဆ ပိုထွက်သည်။
ထန်းလျက်
ထန်းပင်မှရသော သန့်စင်ထားသည့် ထန်းရည်အချိုကို ဒယ်အိုးထဲသို့ထည့်ကာ မီးပြင်းပြင်းဖြင့် ပျစ်လာသည်အထိ ဆူပွက် အောင် ကျိုချက်ပေး၍ သမအောင်မွှေပေးရသည်။ အရည်ပျစ်၍ ထန်းလျက်သားတက်လာသည့်အခါ မီးဖိုပေါ်ချပြီး မိမိလိုအပ်သည့် ပုံစံအတုံးများတုံးကာ အခြောက်ခံလျှင် ထန်းလျက်ခဲကိုရရှိသည်။ ဆီးမှုန့်၊ အုန်းသီး၊ နှမ်း၊ မြေပဲ စသည်တို့ဖြင့်လည်း ပြုလုပ်နိုင်သည်။ သဘာဝပစ္စည်းစစ်စစ်မှ ထုတ်လုပ်ထားသည့်အပြင် ဆေးဖက်ဝင် သောကြောင့် မြန်မာ့ထမင်းဝိုင်းတွင် အချိုတည်းစရာတစ်ခုအဖြစ် ရှေးကတည်းက တည်ရှိခဲ့ကာ လက်ရှိအချိန်အထိ လူကြီး၊ လူငယ် မရွေး အထူးကြိုက်နှစ်သက်စွာ စားသုံးလျက်ရှိသည့် အစားအစာ တစ်ခုဖြစ်သည်။ ထန်းလျက်ကို ပြည်ပနိုင်ငံများကပါ ကြိုက်နှစ်သက် စွာ စားသုံးနေကြပြီဖြစ်သည်။
ထန်းလျက်တွင် သကြားထန်းလျက်၊ ထန်းသီးထန်းလျက်ဟူ၍ နှစ်မျိုးရှိပြီး သကြားထန်းလျက်မှာ အဖြူရောင်ကဲပြီး ထန်းရည်ဖြင့် ချက်သော ထန်းလျက်က အညိုရောင်အဆင်းရှိ၍ သကြားထန်း လျက်ထက် အချိုဓာတ်ပိုများသည်။ ထန်းလျက်သည် အစာကြေ စနစ်ကို ကောင်းမွန်စေသော အစွမ်းရှိပြီး အစာကြေလွယ်စေသည်။ မန်ကျည်းသီးနှင့်ရောပြီး မန်ကျည်းဖျော်ရည်အဖြစ် စိမ်သောက်ပါ က ခန္ဓာကိုယ်အတွင်းက အပူများကင်းစင်စေသည်။
ထန်းလျက်တွင် ကယ်လိုရီနှင့် ကာဗိုဟိုက်ဒရိတ်များက လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော သတ္တုဓာတ်များ ပါဝင်နေသည်။ အော့အန်ခြင်း၊ ဝမ်းသွားခြင်းများကြောင့် ကိုယ်တွင်းရေဓာတ် ဆုံးရှုံးမှုဖြစ်ပါက ရေဓာတ်ပြန်လည်ဖြည့်တင်းစေရန် ထန်းလျက်ကို ရေနွေး သို့မဟုတ် ရေအေးဖြင့် သောက်ပေးပါက ကိုယ်တွင်း ရေဓာတ်ကို ဖြည့်စေနိုင်သည်။
အချိုဓာတ်က ခန္ဓာကိုယ် အာဟာရပြည့်စေသလို ခွန်အား လည်းဖြစ်စေနိုင်သည်။ နံနက်ခင်းသောက်မည့်ဖျော်ရည် သို့မဟုတ် သောက်စရာတစ်ခုထဲသို့ ထန်းလျက်ကိုထည့်၍ သောက်ပေးမည် ဆိုလျှင် ခန္ဓာကိုယ်အတွက် ခွန်အားပြည့်ဝစေမည်ဖြစ်သည်။
ထန်းလျက်တွင် အကျိုးပြု အမျှင်ဓာတ်ပါဝင်နေခြင်းကြောင့် အူအတွင်းက အကျိုးပြုဘက်တီးရီးယားများကို အထောက်အပံ့ ပေးပြီး သွေးအတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်သည်။ ထန်းလျက်တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများမှာ ကင်ဆာ ဖြစ်စေသည့် အရာများကို တိုက်ဖျက်ပေးသလို ဗီတာမင်A နှင့် C တို့ ကြွယ်ဝစွာပါဝင်ခြင်းကြောင့် ကင်ဆာရောဂါကို ကာကွယ်နိုင် သည်။
အစားများပြီး မတည့်စာများကို စားမိသည့်အခါ ရင်ပြည့် ရင်ကယ် ဖြစ်ပါက ထန်းလျက်ကို စားပေးခြင်းဖြင့် ရင်ချောင်စေနိုင် သည်။ ထန်းလျက်ကို ပုံမှန်စားပေးခြင်းဖြင့် အစာကြေလွယ်ပြီး အစာခြေစနစ်ကို ကောင်းကောင်းလုပ်ဆောင်နိုင်စေခြင်းကြောင့် ဝမ်းချုပ်မှုကို သက်သာစေနိုင်သည်။
ထန်းလျက်တွင် ပိုတက်ဆီယမ်နှင့် ကယ်ဆီယမ်တို့လိုမျိုး ခန္ဓာကိုယ်အတွက်လိုအပ်သည့် သတ္တုဓာတ်များပါဝင်နေပြီး အရိုး နှင့် ြွကက်သားများကို သန်မာစေနိုင်သည်။ ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးခြင်းနှင့် သဘာဝဓာတ်တိုးဆန့်ကျင် အာနိသင်များပါဝင် နေခြင်းကြောင့် ကိုယ်တွင်းအဆိပ်အတောက်များကို ဖယ်ရှားနိုင် သည်။
ထန်းမြစ်
ထန်းမြစ်၏အရသာမှာ နုလွန်းလျှင် ခါးသက်သက်ဖြစ်တတ် ပြီး ရောင်းတမ်းဝင် အရွယ်ဆိုလျှင် စားကောင်းပြီး ထူးဆန်းသည့် အရသာမျိုးဖြစ်သည်။ ထန်းမြစ်ကိုပြုတ်၍လည်းကောင်း၊ ကြော်၍ လည်းကောင်း၊ မီးဖုတ်၍လည်းကောင်း စားသုံးနိုင်သည်။ ထန်းမြစ် ကို မီးဖုတ်၍ စားသုံးပါက အနံ့ပိုမွှေးပြီး ဆီ၊ ဆားတို့ဖြင့်နယ်၍ ရေနွေးကြမ်းဝိုင်းအတွက် အမြည်းကောင်းတစ်ပွဲဖြစ်သည်။
ထို့ကြောင့် ထန်းပင်၊ ထန်းလက်၊ ထန်းရွက်၊ ထန်းမြစ်၊ ထန်းရည်နှင့် ထန်းလျက်တို့က လူသားများအတွက် ဘက်စုံအသုံး ဝင်သလို ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေနိုင်ပါ ကြောင်း ရေးသားတင်ပြလိုက်ပါသည်။
ထွန်းနိုင်လင်း (ပြည်)