Main menu

Background

လာခဲ့ပါအဆွေ မင်းကွန်းမြေသို့

Tue, 05/23/2023 - 11:44 -- journal_editor

ဘုရား၊ ကျောင်း၊ ကန်၊ စေတီ၊ ပုထိုး စသော ရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်များသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု အဆင့် အတန်းကို ဖော်ညွှန်းသည့်ပြယုဂ်များဖြစ်သည်။ မြန်မာနိုင်ငံသည် ရှေးဟောင်းအမွေအနှစ်များ ပြွေါကယ်ဝသည့် နိုင်ငံတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးက စိတ်ဝင်စားသည့် ရှေးဟောင်းအမွေအနှစ်များ တည်ရှိရာ မင်းကွန်းသည် မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းမြို့နယ် စစ်ကိုင်းတောင်တန်း၏  မြောက်ဘက် မင်းကွန်းတောင်ခြေတွင် တည်ရှိသည်။   စစ်ကိုင်းမြို့မှ ၁၃ မိုင်ခန့်ဝေးပြီး   မန္တလေးမြို့၏ အနောက်မြောက်ဘက် ခုနစ်မိုင်ခန့်ဝေးသည်။
မင်းကွန်းတောင်ရိုးရှိ ရှေးဟောင်းအမွေအနှစ်များတွင် ပုထိုး တော်ကြီး၊ ခေါင်းလောင်းတော်ကြီး၊ ခြင်္သေ့ကြီး၊ ရေကန်ကြီးဟူသော ဘိုးတော်ဘုရား၏  ကောင်းမှုတော် ကမ္ဘာကျော် ကြီးလေးကြီးနှင့် မြသိန်းတန် စေတီတော်တို့  ပါဝင်ကြသည်။ ထိုရှေးဟောင်း အမွေ အနှစ် များ၏ ခမ်းနားထည်ဝါမှုကြောင့် ကမ္ဘာလှည့်ခရီးသည်တို့သည် မင်းကွန်းတောင်ရိုးသို့ ခြေချင်းလိမ်အောင် လာလျက်ရှိရာ မြန်မာ နိုင်ငံသားတို့အတွက် ဂုဏ်ယူဝငြွ့်ကားစရာကောင်းလှသည်။ မင်းကွန်း မြေသို့ ၂၀၁၉ ခုနှစ်တွင် ပြည်ပခရီးသွားများ လာရောက်မှု တစ်သိန်း ခြောက်သောင်းကျော်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မတ်လထိ သုံး သောင်းငါးထောင်ခန့် လာရောက်ကြပြီး ကိုဗစ်(၁၉) ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ယခုချိန်ထိ ပြည်ပခရီးသွားများ လာရောက်မှုမရှိ သော်လည်း ပြည်တွင်းခရီးသွားများမှာ နှစ်စဉ်သိန်းချီ၍ လာရောက် မှုရှိကြောင်း နှင့်  စစ်ကိုင်းမြို့ပေါ်တွင်  ဟိုတယ်နှင့်  မိုတယ်  ၁၀ လုံးရှိ ကြောင်း စစ်ကိုင်းမြို့နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရှိရသည်။
မင်းကွန်းပုထိုးတော်ကြီး
အံ့ဖွယ်မငြီး မင်းကွန်းပုထိုးတော်ကြီးသည် အဝေးက ဖူးမြော် လျှင်လည်းကောင်း၊ အနီးကပ်ဖူးမြော်လျှင်လည်းကောင်း ထုထည် ကြီးမားနေသည်မှာ  အခြားစေတီတော်တို့ထက်  ထူးခြားပြီး ထုံး ရောင်၊ ရွှေသင်္ကန်းရောင် မတောက်ဘဲ ရဟန်းတော်တို့ဝတ်ဆင်သော သင်္ကန်းရောင်တောက်ပနေသည်။  ဘိုးတော်ဘုရားသည် ပုထိုးတော် ကြီးကို မြန်မာသက္ကရာဇ် ၁၁၅၂ ခုနှစ် တပို့တွဲလဆန်း ၅ရက်က စတင် အုတ်မြစ်ချခဲ့ပြီး ကမ္ဘာပေါ်၌ ကြီးကျယ်ခမ်းနားဆုံး စေတီကြီးတစ်ဆူ ဖြစ်အောင် အမြင့်ပေ ၅၀ဝ တိတိ မြင့်မားစေရန် ရည်သန်ဆောက်လုပ် ခဲ့သည်။ ဘိုးတော်ဘုရားသည် အမရပူရ ရွှေနန်းတော်မှ မင်းကွန်းသို့ ကြိမ်ဖန်များစွာ  ြွကရောက်စံမြန်းတော်မူလျက် အနီးကပ်ကြပ်မတ် ညွှန်ကြားတော်မူခဲ့ရာ  ၁၅ နှစ်မှ အနှစ် ၂၀ တိုင်တိုင် ကြာညောင်းခဲ့ သည်။ တိုင်းပြည်အရပ်ရပ်မှ လူထုအင်အားဖြင့် တည်ဆောက်ခဲ့ရာ နှစ်ပေါင်းကြာလတ်သော် ပြည်သူလူထုတို့ များစွာပင်ပန်းကြကြောင်း ရာဇာဝင်တို့၌ ဆိုလေသည်။ 
ပုထိုးတော်ကြီးတည်နေချိန်မှာပင် ]]ဘုရားလည်းပြီး ပြည်ကြီး လည်း ပျက်လတံ္တ့၊ မင်းကွန်းဘုရားကြီး အပြီးသတ်၊ မုဆိုးသုညကပ်}} ဟူသော တဘောင်များပေါ်လာခြင်းကြောင့် ပြီးဆုံးအောင် မတည် ခဲ့သဖြင့် ယခုတိုင် တစ်ပိုင်းတစ်စနှင့် ရှိနေသည်။ ပုထိုးတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၀ဝ ပြည့်နှစ်( ခရစ်နှစ် ၁၈၃၈ ခုနှစ်)၌ လှုပ်သော ငလျင်ဒဏ်ကြောင့် လေးဖက်လေးတန်မှ ပြိုကျခဲ့သည်။ ၁၉ ရာစုနှစ် မြန်မာဘုရင်ကောင်းမှုတော်ဖြစ်သော ဤစေတီမျိုးကား ဤကမ္ဘာ၌ ရှာမှရှားဟု အာရှဗိသုကာသမိုင်းစာအုပ်၌ မာဂူဆင်ဆိုသူက ရေး သားထားကြောင်း လေ့လာသိရှိရသည်။
မင်းကွန်း ခြင်္သေ့ကြီး
မင်းကွန်းပုထိုးတော်ကြီး၏ အရှေ့ဘက် မြစ်ကမ်းနဖူးတွင် ၉၅ ပေအမြင့် ရှိသောကေသရာဇာ ခြင်္သေ့ပုံသဏ္ဌာန်  အုတ်ခြင်္သေ့ကြီး နှစ်ကောင်ကို ဘိုးတော်ဘုရားသည် မြန်မာသက္ကရာဇ် ၁၁၅၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက်နေ့က  စတင်တည်ဆောက်ခဲ့ပြီး အုတ် ပေါင်း ရှစ်သိန်းကုန်ခဲ့ကြောင်း သိရှိရသည်။ ခြင်္သေ့ကြီးနှစ်ကောင် သည် ၄၅ နှစ်ပတ်လုံး  အကောင်းပကတိ တည်ရှိနေရာမှ မြန်မာ သက္ကရာဇ် ၁၂၀ဝ ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၇ ရက်၊  ၈ ရက် နေ့တို့၌လှုပ်သော ငလျင်ဒဏ်ကြောင့် ရှေ့ပိုင်းကိုယ်များ ပြိုကျမြေခ ခဲ့ရသည်။ နှစ်ပေါင်းများစွာ ဂုဏ်မြင့်ထည်ဝါ ဝငြွ့်ကားခဲ့သော်လည်း ယခုပျက်စီးယိုယွင်းနေပြီဖြစ်သော ခြင်္သေ့ကြီးနှစ်ကောင်က ဘုရားရှင် တော်ဟောကြားတော်မူခဲ့သော ပျက်စီးတတ်သည့် သင်္ခါရသဘော တရားကို လာရောက်လေ့လာသူတိုင်းအား အသံတိတ် တရားပြလျက် ရှိနေသည်။
မင်းကွန်း ခေါင်းလောင်းတော်ကြီး
မြန်မာပြည်ရှိ စေတီ၊ ပုထိုး၊ သိမ်၊ ကျောင်း၊ ဇရပ်တို့၌ ခေါင်း လောင်းများကို ချိတ်ဆွဲလှူဒါန်းလေ့ရှိရာ မင်းကွန်းခေါင်းလောင်း တော်ကြီးသည် မြန်မာပြည်၌ အကျော်ကြားဆုံး အကြီးမားဆုံးဖြစ် သည်။ မင်းကွန်းခေါင်းလောင်းတော်ကြီးကို ဘိုးတော်ဘုရား အမိန့် တော်အရ  ပန်းတဉ်းဝန်မဟာနန္ဒကျော်သူက  ကြပ်မတ်၍ မြန်မာ သက္ကရာဇ် ၁၁၇၀ ပြည့်နှစ် ကဆုန်လဆန်း ၅ ရက်နေ့က သွန်းလုပ်ခဲ့ သည်။
ခေါင်းလောင်းတော်ကြီးကို သွန်းလုပ်ရာ၌ ကြေးပိဿာချိန် ပေါင်း ၅၅၅၅၅ ပိဿာဖြင့်သွန်းလုပ်ခဲ့၍ လွယ်ကူစွာ မှတ်သားနိုင်စေ ရန် မင်း-ဖြူ-မှန်-မှန်-ပြော ဟူသော သင်္ကေတတစ်ခု တီထွင်ခဲ့သည်။  အလေးချိန်ကို သွန်းလုပ်ပြီးမှ ချိန်တွယ်ခြင်းမဟုတ်ဘဲ ကြေးများကို စာရင်းများဖြင့် မှတ်ယူထားခြင်းဖြစ်ကြောင်း သိရသည်။ ပထမဦးဆုံး ခေါင်းလောင်းတော်ကြီးကို အုတ်တံတိုင်းပေါ်၌ သစ်သားရက်မကြီး တပ်၍   ချိတ်ဆွဲလှူဒါန်းခဲ့သည်။  မြန်မာသက္ကရာဇ် ၁၂၀ဝပြည့်နှစ် (ခရစ်နှစ် ၁၈၃၈ ခုနှစ်)၌ လှုပ်သောငလျင်ဒဏ်ကြောင့် ခေါင်းလောင်း တော်ကြီး ပြုတ်ကျမြေခခဲ့ရာ ကြေးချိန် ငါးပိဿာခန့် ပဲ့ထွက်သွားခဲ့ သည်။ ခရစ်နှစ် ၁၉၀၄ ခုနှစ်တွင် ဧရာဝတီသင်္ဘောကုမ္ပဏီမှ မစ္စတာ  စီဂျီဂျွန်ဦးဆောင်ပြီး မူလသစ်သား ရက်မ၊ အုတ်တိုင်တို့ကို သံရက်မ၊ သံတိုင်တို့ဖြင့်  ပြောင်းလဲတပ်ဆင်ပေးခဲ့ရာ  ယနေ့မြင်နေရသည့် ပုံအတိုင်း ဖြစ်ပေသည်။
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းတော်ကြီးများ
ကမ္ဘာ့သမိုင်းဝင် ခေါင်းလောင်းတော်ကြီးများအနက် ရုရှား     နိုင်ငံ မော်စကိုမြို့ ကရင်မလင်နန်းတော်က ဇာကိုလိုကော့အမည်ရှိ ခေါင်းလောင်းကြီးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးဖြစ်ပြီး အလေး ချိန် တန် ၂၀ဝ ကျော်၊ အမြင့် ၁၉ ပေ၊ ၃ လက်မရှိသည်။ ကမ္ဘာ့ဒုတိယ အကြီးဆုံး ခေါင်းလောင်းတော်ကြီးမှာ မော်စကိုမြို့၌ပင်ရှိ၍ အလေး ချိန် ၁၂၈ တန်ရှိသည်။ ကမ္ဘာ့တတိယအကြီးဆုံး ခေါင်းလောင်းတော် ကြီးမှာ မင်းကွန်းခေါင်းလောင်းတော်ကြီးဖြစ်ပြီး အလေးချိန် ၉၀ ဒသမ ၅၂ တန်၊ အမြင့် ၂၇ ပေ၊ ၈ လက်မရှိသည်။ ရုရှားနိုင်ငံ မော်စကို မြို့ရှိ ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းတော်ကြီးနှစ်ခုမှာ တီးနိုင်၊ ထိုးခေါက်နိုင်ခြင်းမရှိဘဲ မြေစိုက်ခေါင်းလောင်းကြီးများသာ   ဖြစ်ကြ သည်။  မင်းကွန်းခေါင်းလောင်းတော်ကြီးသည် တီးနိုင်၊ ထိုးခေါက် နိုင်သော ကမ္ဘာပေါ်၌ အကြီးဆုံးခေါင်းလောင်းတော်ကြီးဖြစ်သည်။
ကြက်ထောင့်ကန်တော်ကြီး
ဘိုးတော်ဘုရားသည် ကြက်ထောင့်စေတီအနီး၌ ယာယီစံမြန်း တော်မူစဉ် မြန်မာသက္ကရာဇ်  ၁၁၇၉ ခုနှစ်၊ ပြာသိုလဆန်း  ၁၄ ရက် နေ့တွင်   ကြက်ထောင့်ကန်တော်ကြီးကို  စတင်တူးဖော်ပြီး ကန် ဘောင်ရိုး၊ တံတိုင်း၊ မုခ်တိုင်၊ ကျောက်လှေကား စသည်တို့ဖြင့် တခမ်း တနား တည်ဆောက်ခဲ့သည်။ အကျယ် ၄၂၀ ပေ၊ အနက် ၃၁ ပေ ၈ လက်မရှိသဖြင့် အနက်ဆုံးကန်တော်ကြီးဟု ဆိုရမည်ဖြစ်သည်။ ထူးခြားချက်တစ်ရပ်မှာ မြစ်နှင့်အလှမ်းဝေးနေသော်လည်း မြစ်ရေ တိုးလျှင် ကန်ရေတိုးလာပြီး မြစ်ရေနည်းလျှင် ကန်ရေနည်းလာသော် လည်း ရာသီမပြတ် ရေရှိနေတတ်သည်။  ကြက်ထောင့်ကန်တော်ကြီး ကို ဘိုးတော်ဘုရား၏ ကောင်းမှုတော်စာရင်း အမှတ်(၆၇)၌ သမိုင်း ဝင် မှတ်တမ်းတင်ထားခြင်း၊ နောက်မင်းအဆက်ဆက်တို့က  အရေး တယူ သွားရောက်ရှုစားကြခြင်းတို့ ကြောင့် သမိုင်းဝင်ကန်တော်ကြီး အဖြစ် သမိုင်းပညာရှင်တို့က လက်ခံကြသည်။ 
မြသိန်းတန်စေတီတော်
မြသိန်းတန်စေတီတော်ကြီးသည် မင်းကွန်းခေါင်းလောင်းတော် ကြီး၏ မြောက်ဘက် ကိုက်  ၅၀ဝ ခန့်အကွာတွင်ရှိပြီး Óဏ်တော် အမြင့် ၃၂၁ ပေရှိကာ တည်ဆောက်ပုံ ဆန်းကြယ်လျက် မြန်မာပြည် ၌ အသပ္ပာယ်ဆုံးနှင့် ဘုရားဖူးလာသူတို့၏ စိတ်နှလုံးကို ညှို့ယူဖမ်း စားနိုင်သော စေတီတော်ကြီးတစ်ဆူဖြစ်သည်။
မြသိန်းတန်စေတီတော်ကြီးကို ဘိုးတော်ဘုရား၏ မြေးတော် စစ်ကိုင်းမင်းသားသည် မြန်မာသက္ကရာဇ် ၁၁၆၃ ခုနှစ်၊ တန်ခူးလဆန်း  ၁၅ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့သည်။ မြသိန်းတန်စေတီတော် ကြီးသည် တာဝတိံသာနတ်ပြည်ကို ပုံစံချတည်ဆောက်ခဲ့သဖြင့် ဆန်း ကြယ်လှပါသည်။ အခြားစေတီတော်များကဲ့သို့ တံတိုင်းလေးထောင့် မဟုတ်ဘဲ အဝိုင်းလုပ်ထားသည်မှာ စကြာဝဠာကို ရည်ရွယ်သည်။ စေတီတော်ကြီး၏ အောက်ခြေက တရွေ့ရွေ့ မြင့်တက်လာသော ရေလှိုင်းအတွန့်သဏ္ဌာန် ပစ္စယံ(၇)ဆင့်မှာ သီတာ(၇)တန်၊ တောင်ရံ (၇)လုံးကို ရည်ရွယ်သည်။ ထိုပစ္စယံ (၇)ဆင့်မှာ ကျယ်ပြန့်လှသဖြင့် ပရိသတ်များ လှည့်လည်သွားလာနိုင်ပေသည်။
စစ်ကိုင်းမင်းသားသည် အိမ်ရှေ့စံဘဝ၌  ဘိုးတော်ဘုရား၏ အမြတ်နိုးဆုံးမြေးတော် ဆင်ဖြူမယ်နှင့် စုလျားရစ်ပတ် လက်ထပ်ခဲ့ရာ သားတော်စကြာမင်းလေး ဖွားမြင်ပြီး  ခုနစ်ရက်လည်ချိန်၌ နတ်ရွာစံ ခဲ့သဖြင့် အိမ်ရှေ့စံမင်းသားက မင်းသမီးအား လွမ်းဆွတ်တသ သတိရသောအားဖြင့် လွမ်းစေတီသဖွယ် အမှတ်တရ  တည်ထားကိုးကွယ်ခြင်းဖြစ်သည်။ ဆင်ဖြူမယ်ဝတ်ဆင်နေကျ တစ်သိန်းတန် မြရတနာကို ဌာပနာထားသောကြောင့် မြသိန်းတန်စေတီတော်ဟုလည်းကောင်း၊ မူလရှိရင်းစွဲ ဆင်းတုတော်ကို အစွဲပြု ၍ ရှင်ဖြူဘုရားဟုလည်းကောင်း၊ ဘုရားတကာ၏ ရည်ရွယ်ချက်ကို အစွဲပြု၍ ဆင်ဖြူမယ်ဘုရားဟု လည်းကောင်း အမည်သုံးပါးဖြင့် ခေါ်ဝေါ်နေကြသည်။
မြသိန်းတန်စေတီတော်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၀ဝ ပြည့်နှစ် (ခရစ်နှစ် ၁၈၃၈ ခုနှစ်)၌ လှုပ် သော ငလျင်ဒဏ်ကြောင့်ပြိုကျခဲ့ရာ ၁၈၇၄ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးက ထပ်မံပြုပြင်ခဲ့သဖြင့် ယနေ့တိုင် သပ်ရပ်ဖြူဖွေး ဖူးမြင်သူအပေါင်းတို့၏ စိတ်နှလုံးကို ကြည်နူးအေးမြစေသည်။
ကမ္ဘာ့မှတ်Óဏ်အကောင်းဆုံး ပုဂ္ဂိုလ်ထူးကြီးနှင့် မင်းကွန်းတိပိဋ ကဓရ ဗိမာန်တော် 
မြန်မာနိုင်ငံ၌ ပထမဦးဆုံး ပိဋကတ်သုံးပုံ နှုတ်ငုံဆောင်တော်မူသည့် ဆရာတော်ကြီးမှာ မင်းကွန်း တောင်ရိုးဓမ္မနာဒ ကျောင်းတိုက်နှင့် တိပိဋကနိကာယကျောင်းတိုက်ကြီးများ၏ မဟာနာယက ကျေးဇူး တော်ရှင် မင်းကွန်းတိပိဋကဓရ ဆရာတော်   ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသဖြစ်သည်။ မင်းကွန်းတိပိဋကဓရ ဆရာတော်ကြီးက ပိဋကတ်သုံးပုံပါဠိတော် အုပ်ရေ ၂၀ ၊ စာမျက်နှာပေါင်း ၈၀၂၇ မျက်နှာကို အထောက် အမကင်းစွာ အာဂုံပြန်ဆိုတော်မူ၍ ဝိသိဋ္ဌတိပိဋကဓရဘွဲ့တော်ကို ရရှိရုံသာမက ယင်းပါဠိတော်များနှင့် အတူ ပိဋကတ်သုံးပုံ အဌကတာ၊ ဋီကာ စာအုပ်ပေါင်း ၂၄ အုပ်၊ စာမျက်နှာပေါင်း ၉၉၃၄ မျက်နှာတို့ကို လည်း  ဂုဏ်ထူးမှတ်များဖြင့်  ဖြေဆိုအောင်မြင်တော်မူ၍  မဟာတိပိဋကကောဝိဒ ဘွဲ့တံဆိပ်တော်နှင့် တိပိဋကဓရဓမ္မဘဏ္ဍာဂါရိကဘွဲ့တံဆိပ်တော်တို့ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးရရှိတော်မူခဲ့သည်။ မင်းကွန်း ပုထိုးတော်ကြီးနှင့် ခေါင်းလောင်းတော်ကြီးအကြားတွင် မြန်မာ့အနုပညာလက်ရာတို့ဖြင့် ခြယ်မှုန်းထား သော မင်းကွန်းတိပိဋကဓရဗိမာန်တော်ကြီးကို ဖူးမြော်ရမည်ဖြစ်သည်။ ဤဗိမာန်တော်ကို နိုင်ငံတော်အစိုးရ ဦးဆောင်ပြီး ရဟန်းရှင်လူ ပြည်သူတစ်ရပ်လုံးက ဆရာတော်ကို မင်းကွန်းဒေသ သမိုင်းဝင် ]ကြီး} တစ်ပါး အဖြစ် မော်ကွန်းထိုးလိုခြင်း၊ ဆရာတော်ဘုရားကြီး၏ ဂုဏ်ကျေးဇူးတော်တို့ကို သမိုင်းချီ၍ ပူဇော်လိုခြင်း တို့ကြောင့် တည်ဆောက်ခဲ့ပြီး ဆရာတော်ဘုရား၏ မွေးရက်ဖြစ်သော ၁၃၅၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
နိဂုံး
ခရီးသွားလုပ်ငန်းကို မီးခိုးမထွက်သောစက်ရုံဟု တင်စားလေ့ရှိပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များတည်ရှိသည့် စစ်ကိုင်း-မင်းကွန်းဒေသသည် နှစ်စဉ် ကမ္ဘာလှည့်ခရီးသည်များနှင့် ပြည်တွင်း ဘုရားဖူးများ လာရောက်လည်ပတ်သဖြင့် ဒေသထွက်ကုန် အစားအစာများ၊ အမှတ်တရ ပစ္စည်းများ၊ ရှုမျှော်ခင်းပန်းချီကားများ ရောင်းချခြင်းဖြင့်  ဒေသခံပြည်သူတို့ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေ များ ရရှိနေကြသည်။ သို့ပါ၍ စစ်ကိုင်း-မင်းကွန်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိသည့်ဒေသသို့ ဧရာဝတီမြစ်ကမ်းဘေး အသစ်ဖောက်လုပ်ထားသော ကားလမ်းသစ်မှ လာရောက်ရင်း ဧရာဝတီမြစ်ကမ်း၏ လှပပုံရှုခင်းများ၊  ကျေးလက်တောရွာများ၏ သဘာဝအလှများ၊ ကားလမ်းပေါ်ရှိ ခိုတောင်ကျေးရွာမှ  ရောင်းချနေသော ခိုတောင်မုန့်တီသုတ်ကို  စားသောက်ရင်း မင်းကွန်းဒေသရှိ ကမ္ဘာ့ကျော်ကြီးလေးကြီး သာမက အထင်ကရ သမိုင်းဝင် အခြားအဆောက်အအုံများလည်း များစွာရှိ၍ လာရောက်လည်ပတ်နိုင်ရန် ရေးသားတင်ပြ ဖိတ်ခေါ်လိုက်ရပါသည်။

 

သန်းသန်းတင် (မုံရွာ)