ယနေ့ကမ္ဘာပေါ်တွင် လူသားအားလုံးအတွက် လွန်စွာအရေးထား ရမည့် ထိပ်တန်းအကြောင်းအရာတစ်ခုမှာ အစားအစာနှင့် သောက်သုံးရေ ဖူလုံရေးဖြစ်သည်။ ယခု ဆယ်စုနှစ်အတွင်း ရာသီဥတု အပြင်းအထန် ပြောင်းလဲခြင်းဖြစ်ရပ်များ အဆက်မပြတ် ဖြစ်ပေါ်ခဲ့ရာမှ အပူရှိန်လွန်ကဲ ၍ စိုက်ပျိုးသီးနှံများ ပျက်စီးရခြင်း၊ ဒေသခံ လူနေနယ်မြေ ပျက်စီး၍ မြေဆီလွှာ ခန်းခြောက်ခြင်း၊ မြစ်ကြောင်းများ ပြောင်းလဲစီးဆင်း၊ ရေအိုင်၊ ချောင်းမြောင်းများ ခန်းခြောက်တိမ်ကောခြင်းနှင့် သဘာဝမုန်တိုင်းဘေး အန္တရာယ်များ ဖြစ်ပေါ်ကာ လူအမြောက်အမြား သေကျေပျက်စီး၍ နေရပ်မှ စွန့်ခွာရကာ အတိဒုက္ခရောက်ခြင်း၊ ရောဂါပိုးမွှား မျိုးစိတ်သစ်များ ပေါက်ဖွားလာ၍ လူများ၊ လယ်ယာချောင်းမြောင်းများမှ မွေးမြူရေး တိရစ္ဆာန်များ သေကျေ၍ သားငါးထွက်ကုန်များ လျော့နည်းလာခြင်း အပြင် အဆိုးရွားဆုံးမှာ ရေအောက် အရင်းအမြစ်များ ကွယ်ပျောက် ကုန်ခန်းခြင်း စသည့်ဖြစ်ရပ်များသည် ယနေ့ကမ္ဘာပေါ်တွင် နေထိုင်လျက် ရှိသော လူသားများအားလုံးကို ရောဂါ၊ အနာမွတ်သိပ်ခြင်း ကပ်သုံးပါးကို ခံစားရအောင် ဆွဲနေသော အခြေအနေများ ဖြစ်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် လယ်ယာသားငါးနှင့် စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းသည် တစ်နိုင်ငံလုံးထုတ်လုပ်မှု၏ ွီဏ တွင် အများဆုံး ရပ်တည် လျက်ရှိသည်။ သဘာဝသယံဇာတများဖြစ်သော သစ်လုံး၊ သဘာဝဓာတ် ငွေ့၊ ကျောက်မျက်နှင့် သတ္တုသိုက်များ ထုတ်လုပ်ခြင်းသည် သဘာဝမူလ အကြမ်းထည်အတိုင်း ဖော်ယူရောင်းချခြင်းသာ ဖြစ်သောကြာင့် ထုတ် လုပ်ခြင်း မဟုတ်ကြပါ။ မိမိ၏ အကျိုးစီးပွား၊ အကျိုးအမြတ်ဖြစ်ထွန်းမှု တစ်ခုတည်းကြည့်ပြီး စည်းကမ်းမဲ့ ထုတ်ယူသုံးစွဲရောင်းချခြင်း၊ စက်မှု လုပ်ငန်းများနှင့် ယာဉ်ယန္တရားများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ (လေအေး ပေးစက်၊ ရုပ်မြင်သံကြားစက်၊ မီးချောင်းမီးသီးများ) အတိုင်းအဆမရှိ အသုံးပြုနေထိုင်ခြင်းအပြင် တာဝန်သိစိတ်နှင့် အသိတရားမရှိဘဲ အဆင် ခြင်မဲ့ သတိလက်လွတ်ပြုမူခြင်း၏ ရလဒ်များပင်ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်ပေါ်ခြင်းသည် လူသားများကိုယ်တိုင် ဖန်တီးလုပ် ဆောင်နေခြင်းကြောင့်ဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်သော စီးပွားရေး ဝိသမလောဘဖြင့် သစ်ပင်များခုတ်လှဲ ထုတ်ယူခြင်း၊ မြစ်ချောင်း အင်းအိုင် နှင့် ပင်လယ်ရေပြင်တွင် အလွန်အကျွံ ငါးဖမ်းခြင်း စသော ရေထွက်ကုန် လွန်ကဲစွာ ထုတ်လုပ်ခြင်းနှင့် သတ္တုသိုက်များ၊ သဘာဝသယံဇာတများ စည်းကမ်းမဲ့ ထုတ်ယူသုံးစွဲမှုများကိုလည်း လျှော့ချနိုင်ရန် လွန်စွာအရေး ကြီးလှပါသည်။ ထိုကဲ့ သို့မဖြစ်ပွားမီ အပြင်းအထန် ကြိုတင်ဆောင်ရွက် ပြင်ဆင် ကာကွယ်ရမည့် လုပ်ငန်းများမှာ အစာရေစာဖူလုံမှု ရရှိစေရေးနှင့် အစားအစာနှင့် ရေများ စုဆောင်းထိန်းသိမ်းထားရန်တို့ ဖြစ်ပါသည်။ အစားအစာ ပြုန်းတီးလေလွင့်မှုသည် လူသားတို့၏ အဆင်ခြင်မဲ့မှုကြောင့် ဆိုးရွားစွာ ဖြစ်ပေါ်လျက်ရှိသည်။ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိအောင် စီမံခြင်းသည်လည်း ထိရောက်မှုရှိသော အစီအမံတစ်ရပ် ဖြစ် သည်။
အစားအစာ လုံခြုံစိတ်ချရမှုသည် လုံလောက်သော အစားအစာ ထုတ်လုပ်၊ သိုလှောင်၊ ဖြန့်ဖြူးမှုကို တည်ငြိမ်သောဈေးနှုန်းဖြင့် ရရှိရေး အပြင် ကျန်းမာရေးနှင့်ညီညွတ်၍ ဘေးအန္တရာယ်ကင်းရှင်းခြင်း၊ လူနေမှု အဆင့်အတန်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို မြှင့်တင်ခြင်း၊ စားသုံးသူ များရရှိသင့်သော မူလအခြေခံ အခွင့်အရေးများကို ရရှိစေခြင်း စသော အချက်များ ပါဝင်သည်။ တစ်ချိန်တည်းတွင်လည်း နည်းပညာ ဆန်းသစ် တီထွင်မှုနှင့် ထုတ်ကုန်အရည်အသွေးနှင့် ကုန်အမှတ်တံဆိပ်ကို ထိန်း သိမ်းကာကွယ် မြတ်နိုးတန်ဖိုးထားမှု လိုအပ်လှသည်။
ကုန်ကြမ်းအသုံးပြုမှု၊ ထုတ်လုပ်မှုအဆင့်ဆင့်၏ ဂရုစိုက် စေတနာ ထားမှု၊ ထုပ်ပိုးခွံပေါ်တွင် လိမ်ညာဖော်ပြခြင်းမပြုဘဲ အမှန်တကယ်ဖြစ် သော အချက်အလက်များကိုသာ စားသုံးသူများအား အသိပေးမှုနှင့် လိုက်နာရမည့် ဥပဒေ၊ စည်းမျဉ်း စည်းကမ်းနှင့် ကျင့်ဝတ်များကို လေးစား လိုက်နာမှုသည် နိုင်ငံတကာနှင့် ဒေသတွင်းကုန်စည်ကူးသန်းရောင်းဝယ် ရေးကိုပါ သက်ရောက်မှု ဖြစ်စေသောကြောင့် အစာရေစာ ဖူလုံမှုသည် ကမ္ဘာပေါ်ရှိ နိုင်ငံအားလုံးအတွက် ကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။
အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်စွာ ထုတ်လုပ်စီမံရန်အတွက် ကမ္ဘာတစ်ဝန်း အသိအမှတ်ပြု နိုင်ငံ တကာအဆင့် စံချိန်စံညွှန်းမှာ ံဗဃဃဏ ံဖေမေိ ဗညေူပျငျ ဃမငအငခေူ ဃသညအမသူ ဏသငညအျ ဖြစ်သည်။ ထိုသတ်မှတ်ချက်ကို ဖော်ဆောင်ရာမှာ အစား အသောက်တိုင်းသည် ရုပ်ဝတ္ထု ဘေးအန္တရာယ်၊ ဓာတုဘေးအန္တရာယ်၊ ဇီဝ ဘေးအန္တရာယ်တို့နှင့် ကင်းရှင်းအောင် စီမံထုတ်လုပ်ရမည်ဟု သတ်မှတ် ထားသည်။
နိဂုံးချုပ်အားဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့် သက်ဆိုင်သော အစားအသောက်ကို စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်စီမံ စားသုံးစေခြင်းအတွက် အစာရေစာဖူလုံမှု ရရှိစေရေးနှင့် ရေများ စုဆောင်းထိန်းသိမ်းထားရေး စသည့်အချက်များကို တစ်နိုင်ငံလုံးက အလေးထား ဆောင်ရွက်လိုက်နာပါ က မြန်မာနိုင်ငံ၏ စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍ ဘေးကင်းရေးနှင့် စားသောက်ကုန် အရည်အသွေးထိန်းသိန်းမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း ရေးသားလိုက်ရသည်။
ငြိမ်းဝေနှင်း (ရန်ကုန်စားသုံး)