မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အလယ်ဗဟိုတွင် ယဉ်ကျေးမှု ကွဲပြားမှုများနှင့် သမိုင်းကြောင်းများ ကြွယ်ဝသော နိုင်ငံအဖြစ် တည်ရှိသည်။ မြန်မာပြည်တွင် ခေတ်အဆက်ဆက် ကျင့်သုံးခဲ့သည့် ရိုးရာလက်မှုပညာ အမျိုးမျိုးတို့ တွင် မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းသည် ဆွေစဉ် မျိုးဆက် အမွေဆက်ခံခဲ့သည့် အရေးပါသော ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှား သည်။ ရက်လုပ်ထည်များသည် မြန်မာ့လူမှုရေး၊ ဘာသာရေးနှင့် စီးပွားရေး စသည်တို့တွင် မရှိ မဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး မြန်မာလူမျိုးများ၏ လက်မှုပညာများကို ပြသထား သည်။ မြန်မာ့ရိုးရာ အထည်အလိပ်များသည် နိုင်ငံ ၏ ယဉ်ကျေးမြွှုကယ်ဝမှုနှင့် ရာစုနှစ်များစွာရှိ လက်မှုပညာကို ရောင်ပြန်ဟပ်ကာ စွဲမက်ဖွယ် ကောင်းသော ဆွဲဆောင်မှုတစ်ခုဖြစ်သည်။ ချည် ထည်တစ်ခုစီသည် ရိုးရာ၊ သမိုင်းနှင့် ကျွမ်းကျင်မှု ဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်ကို သရုပ်ဖော်ထားပြီး ယင်းအထည်များကို မြန်မာ့အမွေအနှစ်၏ အရေး ပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာစေသည်။ ထမာဟုလည်း လူသိများသော မြန်မာ့ ရက်ကန်းသည် နှစ်ထောင်ပေါင်းများစွာ ရှည်လျား သော သမိုင်းကြောင်းရှိသည်။ ရက်ကန်း၏ဇာစ်မြစ်ကို ရှေးပျူယဉ်ကျေးမှုမှ ခြေရာခံနိုင်သည် ဟု ရှေးဟောင်းသုတေသန တွေ့ရှိချက်များက အစောပိုင်း ရက်လုပ်ကိရိယာများနှင့် အထည်များ ၏ အထောက်အထားများကို ဖော်ထုတ်တွေ့ရှိခဲ့ကြ သည်။ အိန္ဒိယ၊ တရုတ်၊ အရှေ့တောင်အာရှကဲ့သို့ သော အိမ်နီးချင်း ယဉ်ကျေးမှုများနှင့် ယဉ်ကျေးမှု ဖလှယ်မှုများ၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရာစု နှစ်များစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ရိုးရာနည်းပညာ များဖြင့် ပေါင်းစပ်ကာ ယနေ့ခေတ်တွင် တည်ရှိ နေသော မတူကွဲပြားသော ရက်ကန်းရိုးရာဓလေ့ များကို မွေးဖွားပေးခဲ့သည်။ ရက်ကန်းအနုပညာ သည် အများအားဖြင့် မိခင်မှသမီးသို့ လက်ဆင့် ကမ်းလေ့ရှိပြီး ကျွမ်းကျင်သော ရက်ကန်းသမားများ သည် ၎င်းတို့၏ လက်မှုပညာကို နှစ်ပေါင်းများစွာ ကျွမ်းကျင်စွာ တတ်မြောက်ကြသည်။ မြန်မာနိုင်ငံ တစ်ဝန်းရှိ ဒေသအသီးသီးတွင် ရက်လုပ်ပုံသဏ္ဌာန် များ ကွဲပြားကြပြီး အသုံးပြုသည့် ပုံစံများ၊ ဒီဇိုင်း များနှင့် အရောင်းများဖြင့် ခွဲခြားသတ်မှတ်နိုင်ကြ သည်။
မြန်မာ့ရိုးရာ ရက်ကန်းစင်သည် ကျွမ်းကျင် သော ရက်ကန်းသမားများအသုံးပြုသည့် အဓိက ကိရိယာဖြစ်ပြီး အနုစိတ်သော အထည်များကို ဖန်တီးသည်။ ရက်ကန်းကို ပုံမှန်အားဖြင့် ဝါးဖြင့်ပြု လုပ်ထားပြီး မြန်မာ့လက်မှုပညာ၏ ထက်မြက်မှုကို ပြသသည့် အခြေခံကျသော၊ ထိရောက်သောဒီဇိုင်း များကိုပါ ရရှိသည်။ မြန်မာရက်ကန်းသမားများ သည် မိမိတို့၏ အထည်အလိပ်များကို ထုတ်လုပ် ရန်အတွက် ဒေသထွက် သဘာဝအမျှင်များကို အများစုအသုံးပြုကြသည်။ ချည်၊ ပိုးနှင့် ကြာမျှင် များကို အများစု အသုံးပြုကြသည်။ အထူးသဖြင့် ကြာပန်းပင်များမှ အမျှင်များကို ထုတ်ယူကာ ချည်မျှင်အဖြစ်သို့ ရရှိအောင် အဆင့်ဆင့်ပြုပြင် ထုတ်လုပ်ခြင်းသည် ရှားပါးပြီး လေးစားဖွယ် ကောင်းသော ပညာရပ်တစ်ခုဖြစ်ပေသည်။ ကြာ ချည်မျှင်များကို အသုံးပြုပြီး လက်ရာမြောက်သော အထည်များအဖြစ် ဖန်တီးသည့် လုပ်ငန်းစဉ်သည် ပင်ပန်းခက်ခဲပြီး အချိန်များစွာ ပေးရသောကြောင့် ကြာပန်းချည် အထည်အလိပ်များသည် ရှားပါးပြီး အလွန်တန်ဖိုးမြင့်မားသော အထည်ဖြစ်သည်။
မြန်မာ့အထည်အလိပ်များတွင် အဓိက အသုံးပြုသည့် ပစ္စည်းများမှာ ပိုးထည်နှင့် ချည် ထည်များဖြစ်သည်။ ပိုးကောင်များမှရရှိသော ပိုးသည် ၎င်း၏နူးညံ့မှုနှင့် တောက်ပြောင်မှုအတွက် အသိအမှတ်ပြုခံရပြီး ချည်သားသည် သက်သောင့် သက်သာရှိပြီး ဘက်စုံသုံးနိုင်သည့်အတွက် တန်ဖိုး ရှိသည်။
မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်း၏ ထူးခြား ချက်တစ်ခုမှာ ၎င်း၏တကြွ်ကပြီး သပ်ရပ်သော ဒီဇိုင်းပုံစံများဖြစ်သည်။ မြန်မာ့အထည်အလိပ်များ ကို ရှုပ်ထွေးနက်နဲသော ဂျီသြမေတြီ ဒီဇိုင်းများ၊ ပန်းပုံစံများ၊ ဒဏ္ဍာရီလာသတ္တဝါများနှင့် အခြား သင်္ကေတများ၏ ကိုယ်စားပြုမှုများဖြင့် ဖန်တီးကြ သည်။ တောက်ပြောင်သော အရောင်များကို ကျွမ်းကျင်စွာပေါင်းစပ်ပြီး ၎င်းတို့၏ဖန်တီးမှုများ တွင် ခြားနားသော ဆန့်ကျင်လက်များကို ကျွမ်း ကျင်စွာ ပေါင်းစပ်ထားသောကြောင့် ရက်ကန်း သမားများ၏ အနုပညာလက်ရာသည်လည်း ယခု ချိန်ထိ တောက်ပနေသည်။
ထို့အပြင် မြန်မာ့ရက်ကန်းသည် မကြာခဏ ဆိုသလို နှစ်ထပ်ကွတ် ဟုခေါ်သော ထူးခြား သောနည်းပညာတစ်ခုပါဝင်ပြီး ချည်နှင့် ချည်များ ကို မယက်ခင်တွင် ခံနိုင်ရည်ရှိအောင် ဆေးဆိုး ထားလေ့ရှိသည်။ ဤနည်းလမ်းသည် ထူးခြားသော တိကျမှုနှင့် ကျွမ်းကျင်မှုကို လိုအပ်ပြီး ဆွဲဆောင်မှုရှိ သော အချိုးကျသော ပုံစံများကို ရရှိစေသည်။
မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းသည် မြန်မာ့ လူအဖွဲ့အစည်းတွင် ကြီးမားသော ယဉ်ကျေးမှု ဆိုင်ရာ အရေးပါမှုတစ်ခုဖြစ်သည်။ လက်မှုပညာ သည်နိုင်ငံ၏ ဓလေ့ထုံးတမ်းများ၊ ဘာသာရေး အလေ့အထများနှင့် နေ့စဉ်လူမှုဘဝတို့နှင့် နက် နက်ရှိုင်းရှိုင်း ရောယှက်နေပေသည်။ အထည် အလိပ်များသည် အခမ်းအနားများ၊ ပွဲတော်များ နှင့် ဘာသာရေးထုံးတမ်းများတွင် မရှိမဖြစ် အခန်း ကဏ္ဍမှ ပါဝင်သည်။ ထို့ပြင် လက်ရက်ထည်များကို အခမ်းအနားကြီးများ၊ အထူးအချိန်အခါများတွင် လေးစားမှုနှင့် ချစ်ကြည်ရေးသင်္ကေတများအဖြစ် မကြာခဏ လဲလှယ်ကြသည်။
မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းကို ဆက် လက်မြတ်နိုးပြီး ဂုဏ်ပြုနေသော်လည်း ခေတ်သစ် ကမ္ဘာတွင် စိန်ခေါ်မှုအချို့နှင့် ရင်ဆိုင်နေရသည်။ စက်မှုထွန်းကားမှုနှင့် အမြောက်အမြားထုတ်လုပ် ပြီး ဈေးသက်သာသော အထည်အလိပ်များ တိုးလာခြင်းကြောင့် လက်လုပ်မြန်မာ့အထည်များ ဝယ်လိုအား ကျဆင်းလာခဲ့သည်။ ထို့ပြင် နိုင်ငံရေး နှင့် စီးပွားရေးအကြောင်းအရင်းများသည် ရိုးရာ ရက်ကန်းလုပ်ငန်းအသိုင်းအဝိုင်းကို သက်ရောက် မှုရှိပြီး ဤတန်ဖိုးကြီးသော အမွေအနှစ်များ၏ ရှင် သန်မှုကို ခြိမ်းခြောက်လျက်ရှိသည်။
အလွန်အရေးပါသော ယဉ်ကျေးမှုအမွေ အနှစ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် အမျိုးမျိုးသော အဖွဲ့အစည်းများနှင့် ကြိုးပမ်းမှုများ သည် မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းကို မြှင့်တင် ထိန်းသိမ်းရန်အတွက် လုပ်ဆောင်လျက်ရှိသည်။
ပြည်တွင်း လက်မှုပညာသည်များနှင့် နိုင်ငံတကာမှ ဝါသနာ ရှင်များသည် ဤရှေးဟောင်းလက်ရာသည် နောင်လာနောက်သားများ အတွက် ပျောက်ပျက်မသွားစေရန်နှင့် စိတ်ဝင်စားမှု ပြန်လည်ရှင် သန်လာစေရန်အတွက် ရည်ရွယ်သည့် အစပျိုးမှုများသည် ပြည်တွင်း ရက်ကန်းသမားများကို ပံ့ပိုးပေးခြင်းနှင့် ရေရှည်တည်တံ့သော ဈေးကွက်များ ဖန်တီးပေးခြင်းတို့သည် ဤအဖိုးတန် ယဉ်ကျေးမှု အမွေအနှစ်များ ဆက်လက်တည်တံ့နေစေရန်အတွက် အရေးကြီး သည်။
မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းသည် မြန်မာ့ယဉ်ကျေးမှု အမွေ အနှစ်များ ပေါများပြီး ၎င်း၏ လက်မှုပညာရှင်များ၏ ထူးထူးခြားခြား အတတ်ပညာများအတွက် သက်ရှိ သက်သေတစ်ခုဖြစ်သည်။ အနုစိတ်သောပုံစံများ၊ သဘာဝအမျှင်များနှင့် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသော ယဉ်ကျေးမှုဆိုင်ရာ အရေးပါမှုများသည် ဤလက်ရက်ထည်များကို ကြည့်ရှုလေ့လာရန် ရတနာတစ်ခု ဖြစ်လာ စေသည်။ မြန်မာ့ရိုးရာရက်ကန်းလုပ်ငန်းကို တန်ဖိုးထား ထောက်ခံ ခြင်း၊ အားပေးကူညီခြင်းဖြင့် ကျွမ်းကျင်သော ရက်ကန်းသမားများ၏ အသက်မွေးဝမ်းကျောင်းအတွက် သာမက မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၏ အနှစ်သာရကို ဖော်ညွှန်းထားသည့် အဖိုးတန် အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တန်ဖိုး မြှင့်ထုတ်ကုန်များလည်း ထုတ်လုပ်နိုင်မှသာ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်သည်။
ဝင်းသန်း (ကျွန်းလှ)