Main menu

Background

ထိုင်းနိုင်ငံထုတ် ဘီယာများတင်ဆောင်လာသော ၂၂ ဘီးယာဉ်အား ကျိုက်ထိုမြို့ အဝင်လမ်းမပေါ်တွင်Mobile Team မှ တားဆီးနိုင်

Tue, 04/07/2015 - 19:54 -- journal_editor

အတွဲ(၁၅)၊ အမှတ်(၁၄)

ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးရုံးတွင် အခြေပြု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော တရား မဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီကွပ်ကဲမှုရုံးသည် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ မန္တလေး-မူဆယ်နှင့် ရန်ကုန်-မြဝတီ ကုန်သွယ်မှုလမ်းကြောင်းများ၊ မန္တလေး နှင့် မူဆယ်၊ တာချီလိတ်၊ ကျိုင်းတုံနယ် စပ်ကုန်သွယ်ရေးစခန်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယု၊ ဝမ်တာပင်းနှင့် ဝမ် တာပုံတို့ရှိ Mobile Team အဖွဲ့များရဲ့ တရားမဝင်ကုန်သွယ်မှု တားဆီးရေး၊ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းတို့ကို ကြီးကြပ်ကွပ်ကဲဆောင်ရွက်လျက်ရှိပါတယ်။
 ယခုအခါ သြင်္ကန်ကာလ (ဘီယာ၊ အရက်ရာသီ) ရောက်ရှိလာပြီဖြစ်၍ တစ်ဖက်နိုင်ငံမှ အရက်၊ ဘီယာများ တရားမဝင် ပြည်တွင်းသို့ ဝင်ရောက် လာမှု မရှိစေရေး စိစစ်ဖော်ထုတ်တားဆီး အရေးယူရန် အလေးထား ကြပ်မတ် ဆောင်ရွက်နေစဉ် မတ်လ ၂၈ ရက်နေ့ ညပိုင်းမှာ ကျိုက်ထိုမြို့သို့ ၂၂ ဘီး ကုန်တင်ယာဉ်များနဲ့ ဘီယာများ သယ်ဆောင်လာမယ်လို့ သတင်းရရှိတဲ့ အတွက် တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ ကွပ်ကဲမှု ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစီး သော အဖွဲ့ဝင်  ၆ ဦးပါ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်းတာဝန် ပေးအပ်ကာ ရန်ကုန်-မြဝတီလမ်းကြောင်း၊ ကျိုက်ထိုမြို့နဲ့ ဘီးလင်းမြို့အကြားမှာ တားဆီးစစ်ဆေးနိုင်ရန် ပြင်ဆင်မှုများပြု လုပ်ခဲ့ပါတယ်။
အထူးစစ်ဆေးရေးအဖွဲ့ဟာ ကျိုက်ထိုမြို့သို့ မတ်လ  ၂၉ ရက် ၀၁ း ၃၀ နာရီခန့်မှာ ရောက်ရှိပြီး ကျိုက်ထိုနဲ့ ဘီးလင်းမြို့အကြားတွင် စောင့်ဆိုင်း၍ မြဝတီဘက်မှ ဝင်ရောက်လာသော ကုန်တင်ယာဉ်ကြီးများအား  တစ်စီး ချင်းစစ်ဆေး ဆောင်ရွက်စဉ် ၀၂ း ၄၀ ချိန်မှာ သတင်းပေးတိုင်ကြားချက်ပါ ၂၂ ဘီး ယာဉ်6 I/xxxx  အား ရပ်တန့် စစ်ဆေးရာမှာ ထိုင်းနိုင်ငံထုတ် ဘီယာဖာများ အပြည့်တင်ဆောင်လာ တာကို စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် တို့အား အသေးစိတ် စစ်ဆေးချက်ရယူ ဆောင်ရွက်ခဲ့ပြီး လှုပ်ရှား-၂ ညောင်ခါး ရှည်Mobile Team သို့ အဆက်အသွယ် ရယူကာ လုံလောက်သော လုံခြုံရေးနဲ့ ဝန်ထမ်း အင်အားထပ်မံဖြည့်တင်း ဆောင်ရွက်ခဲ့ပါတယ်။
သြဘငူန ွှနော မှ ထပ်မံရောက်ရှိ လာတဲ့ လုံခြုံရေးဝန်ထမ်းပူးပေါင်း အင်အားဖြင့် ထိုင်းနိုင်ငံထုတ် တရားမဝင် ဘီယာဖာများနဲ့  ၂၂ ဘီးကုန်တင်ယာဉ် အား ကျိုက်ထိုမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာ ဆူးလေဆိပ်ကမ်း သိုလှောင်ရုံ သို့  သယ်ယူပို့ဆောင်ခဲ့ပါတယ်။
ထို့နောက် ဆူးလေမြေပြင်ချစစ်အဖွဲ့မှ အသေးစိတ်စစ်ဆေးရာ ထိုင်းနိုင်ငံ ထုတ်  Chang Beer( 330ml) (1 x 24 Pcs)  ၄၀၀၆ ဖာ ခန့်မှန်းတန်ဖိုးကျပ် သိန်းလေးရာ ခြောက်သောင်းတိတိအား စစ် ဆေးတွေ့ရှိခဲ့ရတယ်လို့  သတင်းရရှိ ပါ တယ်။ ဘီယာများ တင်ဆောင်လာတဲ့ ကားတန်ဖိုးမှာ ခန့်မှန်းတန်ဖိုးကျပ် သိန်းတစ်ထောင်ခန့်ဖြစ်ပြီး အကောက် ခွန်ဦးစီးဌာနတွင် အမှုတွဲဖွင့်လှစ်ထား ပြီးဖြစ်ကြောင်း သိရှိရပါတယ်။
DCCA