Main menu

Background

ဟဲဟိုးဂန္ဓမာပန်းဈေးကွက် ဈေးကောင်း အရောင်းသွက်

Thu, 06/18/2015 - 17:09 -- journal_editor

ရှမ်းပြည်နယ်တောင်ပိုင်း၊  ဟဲဟိုး ပန်းအစုအဖွဲ့မှာ ဒေသတွင်းကထွက်ရှိ တဲ့ ဂန္ဓမာပန်းများ  ဈေးကွက်မှာ ဈေး ကောင်း အရောင်းသွက်နေတာကြောင့် ဒီနှစ် ပန်းစိုက်တောင်သူများ တွက်ခြေ ကိုက်ပြီး စီးပွားရေးတိုးတက် ကောင်း မွန်လျက်ရှိတယ်လို့ သိရပါတယ်။
ဟဲဟိုးဒေသထွက် ဂန္ဓမာပန်းများ မေလနောက်ဆုံးပတ်ကစပြီး ဈေးကွက် သို့ဝင်ရောက်လာခဲ့တာ စတင်ထွက်ရှိ ချိန်မှာ  ပန်းတစ်ပွင့်ကို ထိပ်စ ၁၂၀ ကျပ်၊ လတ်စ ၈၀ ကျပ်နဲ့ ဈေးကောင်း ရရှိခဲ့ကြပြီး ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ မူဆယ်နဲ့  ကျိုင်းတုံ၊ တာချီလိတ်ဈေး ကွက်များအထိ  တိုးချဲ့တင်ပို့ရောင်းချ နေရတယ်လို့  သိရပါတယ်။ ယခင်က ဂန္ဓမာပန်းများကို  သီခေါင်ကျေးရွာ အုပ်စုတွင်သာ အဓိကထားစိုက်ပျိုးခဲ့ကြ ပြီး ဟဲဟိုးပန်းအစုအဖွဲ့ ]]ကလောဇုန်}} တည်ထောင်ခဲ့သည့်   ၂၀၀၉ ခုနှစ် နောက်ပိုင်း  သီခေါင်ကျေးရွာအုပ်စု အပြင် ဟဲဟိုးနဲ့  ဘော်နင်းကျေးရွာ အုပ်စုများအထိ  တိုးချဲ့စိုက်ပျိုးလာခဲ့ ကြပြီး၊ ယခုအခါ ဂန္ဓမာပန်းစိုက်ဧက ၅၀၀ခန့်ရှိကြောင်း၊ ဟဲဟိုးပန်း အစုအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရပါတယ်။
မင်းအောင်-တောင်ကြီး