Main menu

Background

တရုတ်ဈေးကွက်သို့ ပြောင်းအဝင်ပုံမှန်ရှိ

Thu, 06/18/2015 - 17:10 -- journal_editor

    ဇွန်လ ပထမပတ်တွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ် ရေးဇုန်နဲ့ ကန်ပိုက်တီးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ ၃၆၀ သန်းတန်ဖိုးရှိ ပြောင်း တန်ချိန် ၁၅၀၂၁ တန်ခွဲ တင်ပို့နိုင်ခဲ့ပါတယ်။  
စခန်းအလိုက် တင်ပို့ခဲ့တာ ကတော့ မူဆယ်မှ ၁၄၆၉၆ တန်ခွဲနဲ့ ကန်ပိုက်တီးမှ ၃၂၅ တန်ဖြစ်ပါတယ်။ ယခင်တစ်ပတ်က မူဆယ်နဲ့ ကန်ပိုက်တီးစခန်းနှစ်ခုစလုံးမှ  ၁၄၂၉၉ တန်ကျော်တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်တွင် ၇၂၁ တန်ကျော် ပိုမိုလာခဲ့ပါ တယ်။ ဒါကြောင့် ဈေးကွက်တွင် ပြောင်း အဝင်ပုံမှန်ရှိသလို တရုတ်ဝယ်လက်ကလည်း ဝယ်လိုအား   ပုံမှန်ရှိကြောင်း သိရပါတယ်။   မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ပြောင်းတစ်တန်ဈေး ၃၂၃၉၆၀ ကျပ်ရှိရာမှ ယခုအပတ်မှာ ၃၃၅၄၆၃ ကျပ်သို့ဈေး ဆက်လက်မြင့်တက်လာခဲ့ပါတယ်။ အရောင်းအဝယ်အနေဖြင့် ၁၀၀ ကီလို ဂရမ်ကို ၁၈၆ ယွမ်ရှိတယ်လို့ မူဆယ်ကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။  
 မော်မော်အောင်