Main menu

Background

စစ်ကိုင်းအစေ့ထုတ်ပြောင်း တက်ဈေးဖြင့် အရောင်းအဝယ်ကောင်း

Thu, 06/18/2015 - 17:11 -- journal_editor

မုံရွာမြို့နယ် နဂါးတွင်း၊ ဘုဘ၊ သစ်စိမ့်၊ ညောင်ဖြူပင်ကျေးရွာများနှင့် ချောင်း ဦးမြို့နယ် ဆူးလေကုန်း၊ ဝယာ၊ တောချောင်းလေး၊ ကံဇီး၊ ကမွန်တော်၊ ကုလားကြီး၊  အင်းမစသည့်ကျေးရွာများတွင် ရေသွင်းစိုက်ပျိုးခဲ့တဲ့ အစေ့ထုတ်ပြောင်း  CP များ မုံရွာကုန်စည်ဒိုင်သို့ အဝင်လှိုင်လျက်ရှိပါတယ်။၎င်းင်းကျေးရွာများတွင် အထွက်နှုန်း ကောင်းသည့် CP-888 မျိုးကို အများဆုံး စိုက်ပြီး ရေသွင်းစိုက်တဲ့အတွက် တစ်ဧကကုန်ကျစရိတ်မှာ ကျပ် တစ်သိန်းငါးသောင်း ဝန်းကျင်ခန့် ကုန်ကျပြီး ပျမ်းမျှအထွက်နှုန်း   တင်း ၇၀ ခန့်ထွက်ရှိကြောင်း တောင်သူ တစ်ဦးထံမှ သိရပါ တယ်။
ယခုအစေ့ထုတ်ပြောင်းများမှာ အရည်အသွေးကောင်းပြီး ငွေလဲလှယ်ဈေးမြင့် နေသဖြင့်  ဈေးကောင်းရနေကြောင်း ကုန်စည်ဒိုင်သတင်း ရပ်ကွက်ကသိရပါတယ်။ ဒေသတွင်းပုံမှန် အသုံးရှိသလို၊ မန္တလေး (တရုတ်) ဝယ်လက်အဆွဲရှိ၍ မုံရွာကုန်စည် ဒိုင်မှာ ပုံမှန်အမြဲအရောင်းအဝယ်ကောင်းလျက်ရှိသောသီးနှံမှာ အစေ့ထုတ် ပြောင်း ( CP) ဖြစ်ပြီး၊ ဇွန်လဒုတိယပတ်အတွင်း တစ်ရက်ပျမ်းမျှ တင်း ၂၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ပါတယ်။
ဧပြီလ သြင်္ကန်မတိုင်မီကအစေ့ထုတ်ပြောင်း တစ်တင်း ၆၉၀၀ ကျပ်မှ တရိပ် ရိပ်တက်လာခဲ့ရာ မေလတွင် ၈၀၀၀ ကျပ်၊  ဇွန်လဒုတိယပတ်တွင် ၉၀၀၀ ကျပ်ထိ ဈေးတက်ခဲ့ပါတယ်။                                                  သန်းသန်းတင်-မုံရွာ