Main menu

Background

ပြောင်းတင်ပို့မှု အနည်းငယ်လျော့ကျ

Fri, 07/03/2015 - 18:45 -- journal_editor

ဇွန်လ တတိယပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၃ ဒသမ ၁၄၈ သန်း တန်ဖိုးရှိ  ပြောင်း ၁၀၈၅၆ တန်၊ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၅၈၀ သန်းဖိုးရှိ   ပြောင်းတန်ချိန် ၂၀၀၀ နဲ့ ကန်ပိုက်တီးမှ ကန်ဒေါ်လာ သုည ဒသမ ၀၅၇ သန်းဖိုးရှိ ပြောင်းတန် ၁၉၀ တို့ကို တင်ပို့ခဲ့ပါတယ်။
ယခင်တစ်ပတ်က  မူဆယ်မှ ၁၃၂၄၇ တန်ခွဲ ၊ လွယ်ဂျယ်မှ ၂၂၁၀တန်နဲ့  ကန် ပိုက်တီးမှ ၄၂ တန်ခွဲ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ ပြောင်းတင်ပို့မှု၂၄၅၄ တန် လျော့ နည်းသွားခဲ့ပါတယ်။
မူဆယ် ကုန်စည်ဒိုင်မှာလည်း ယခင်တစ်ပတ်က  ပြောင်းတစ်တန်ကို ၃၅၃၅၅၁ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၃၄၈၉၈၅ ကျပ်သို့ ဈေးလျော့ကျခဲ့တာ တွေရပါတယ်။   မူဆယ်ကုန်စည်ဒိုင်ကိုတော့ နယ်စုံကနေ ပြောင်းအသစ်ရော လက် ကျန်ပြောင်းတွေပါ ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။
မော်မော်အောင်