Main menu

Background

မြဝတီ၊ကော့သောင်းနဲ့ မြိတ်နယ်စပ်မှ ရေထွက်ကုန် တန်ချိန် တစ်ထောင့်ငါးရာကျော်တင်ပို့

Tue, 07/07/2015 - 21:15 -- journal_editor

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန် ၊ ကော့သောင်း ကုန် သွယ်ရေးစခန်းနဲ့ မြိတ်ကုန်သွယ်ရေး စခန်းတို့မှ ဇွန်လ ၂၀ ရက်မှ ၂၆ ရက် တာကာလအတွင်း ကန်ဒေါ်လာ ၁ ဒသမ ၆၆၆ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၁၅၈၉ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယခင်သီတင်းပတ်နဲ့    နှိုင်းယှဉ်ပါက ၁၁၅၈ တန်ကျော်   ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။စခန်းအလိုက် တင်ပို့မှုများမှာ -
မြဝတီကုန်သွယ်ရေးဇုန်မှ ကန် ဒေါ်လာ သုည ဒသမ ၀၈၅ သန်းတန်ဖိုး ရှိ ရေထွက်ကုန်များဖြစ်သော ငါးမျိုးစုံ တန် ၄၀ ကျော်နဲ့ ကဏန်း ၁၄ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်း ပတ်နဲ့ နှိုင်းယှဉ်ပါက ငါးမျိုးစုံ တင်ပို့မှု လျော့နည်းခဲ့တာကြောင့် ၄၃ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။
ကော့သောင်းကုန်သွယ်ရေး စခန်း မှလည်း ကန်ဒေါ်လာ သုည ဒသမ ၃၁၁ သန်းတန်ဖိုးရှိ ငါးမျိုးစုံ တန် ၃၁၀ ၊ ကင်းမွန် ၃၂ တန်ကျော်နဲ့ ပုစွန် ၁ တန် ကျော် တင်ပို့ခဲ့ပါတယ်။ယခင်သီတင်း ပတ်နဲ့နှိုင်းယှဉ်ပါက ငါးမျိုးစုံနဲ့ ကင်းမွန် တင်ပို့မှုလျော့နည်းခဲ့တဲ့အပြင် ယခင် တစ်ပတ်ကတင်ပို့ခဲ့သော ငါးလေး ခြောက်နဲ့သဲကဏန်းကို ယခုတစ်ပတ် တွင် တင်ပို့နိုင်ခြင်းမရှိခဲ့တာကြောင့် ၂၂၉ တန်ကျော်လျော့နည်းတင်ပို့ခဲ့ပါတယ်။
မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်း မှ ကန်ဒေါ်လာ ၁ ဒသမ ၂၇၀ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၁၇၁ တန်ခန့်၊ ပုစွန် ၁၆ တန်ကျော် ၊ ကင်းမွန် ၂ တန်ကျော်နဲ့ သဲကဏန်း အနည်းငယ်တင်ပို့နိုင်ခဲ့ပါ တယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ်ပါ က ငါးမျိုးစုံ၊ ပုစွန်နဲ့ကင်းမွန်တင်ပို့မှု လျော့နည်းခဲ့တဲ့အပြင် ယခင်သီတင်း ပတ်က တင်ပို့ခဲ့သော ကဏန်းပျော့၊ ပုစွန်ခြောက်နဲ့ ကဏန်းသေး(အသေ)တို့ကို ယခုသီတင်းပတ်တွင် တင်ပို့နိုင်ခြင်း မရှိခဲ့တာကြောင့် တင်ပို့မှုလျော့ နည်းခဲ့ တယ်လို့ သိရပါတယ်။          

ခင်မြနွယ်