Main menu

Background

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပြည်ပသို့ ကန်ဒေါ်လာ သန်း 40ကျော် ဖိုးရှိ သစ်တောထွက်ပစ္စည်းများတင်ပို့

Tue, 07/07/2015 - 21:17 -- journal_editor

   ပြည်ပသို့ မြန်မာထွက်ကုန်များ တင်ပို့ရာမှာ အုပ်စု ခုနစ်ခုခွဲခြားတင်ပို့လျက်ရှိရာ လယ်ယာထွက်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ သတ္ထုတွင်းထွက် ၊ သစ်တောထွက်၊ စက်မှုကုန်ချောနဲ့ အခြားဟူ၍ခွဲခြားထားပါတယ်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇွန်လ ၂၆ ရက်ထိကာလအတွင်းမှာ ပို့ကုန် ကန်ဒေါ်လာ ၂၃၇၈ သန်း ကျော်ဆောင်ရွက်နိုင်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ပို့ကုန်  ကန်ဒေါ်လာ သန်း ၃၀၀ ကျော် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပို့ကုန်အုပ်စု ခုနစ်ခုအနက်  အခြားအုပ်စု တင်ပို့မှုကလွဲပြီး   ကျန်အုပ်စုများအားလုံးပိုမိုတင်ပို့ခဲ့ပါတယ်။ သစ်တောထွက် ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၄၀ ဒသမ ၆၄၁ သန်းရှိပြီး ယမန် နှစ်ကာလတူထက် သန်း ၃၀ နီးပါးပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်စမှစပြီး ပြည်ပသို့ သစ်အလုံး လိုက်တင်ပို့မှုရပ်ဆိုင်းထားပြီးနောက် သစ်တောထွက် ပစ္စည်း တင်ပို့မှုမှာ သိသိသာသာလျော့နည်းသွားခဲ့ပါတယ်။ ယခုအခါ သစ်တောထွက်ပစ္စည်းများ ဖြစ်သည့် ကြိမ်၊ ကြိမ်ထွက်ပစ္စည်း၊ သစ်ခွဲသား၊ စားပွဲ၊ ကုလားထိုင်စတဲ့ ပရိဘောဂအပါအဝင် သစ်အချောထည်များကို တင်ပို့လျက်ရှိပါတယ်။  
 
   MIRT