Main menu

Background

နယ်စပ်ရော်ဘာဈေး ဆက်လက်မြင့်တက်

Wed, 07/08/2015 - 20:25 -- journal_editor

ဇွန်လစတုတ္ထပတ်အတွင်း ကန်ဒေါ်လာ ၁ ဒသမ ၈၆၈ သန်းဖိုးရှိ ရော်ဘာ ၁၃၃၉ တန်ကျော်ကို မူဆယ်(၁၀၅)မိုင် ကုန် သွယ်ရေးဇုန် ၊ ချင်းရွှေဟော်နဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့ခဲ့ပါတယ်။ စခန်းတစ်ခုချင်းစီရဲ့ တင်ပို့မှုတွေကတော့ မူဆယ်မှ RSS-3 ၇၅၁ တန်ကျော်၊    RSS-5  ၃၂ တန်၊ MSR-20  ၁၆ တန်ကျော်နဲ့  MSR-50 ၉၇ တန်ဖြစ်ပါတယ်။ချင်းရွှေဟော် စခန်းမ RSS-3  ၂၀၂ တန်ကျော်၊MSR-20တန် ၁၉၀နဲ့ တာချီလိတ်စခန်းမှ  Latex 60% DRC တန်၅၀ ဖြစ်ပါတယ်။
ယခုတစ်ပတ်မှာ မူဆယ်ကုန်သွယ်ရေးဇုန်ရဲ့  ရော်ဘာဈေး ဆက်လက်မြင့်တက်ခဲ့ကြောင်း သိရှိရပါတယ်။ RSS-3  တစ်တန် ကို ယခင်တစ်ပတ်က ၁၅၅၉၃၁၇ ကျပ်ရှိရာမှ ယခုတစ်ပတ်မှာ ၁၅၉၄၆၂၃ ကျပ်သို့ ဈေးမြင့်လာတာဖြစ်ပါတယ်။  မြိတ်နဲ့ မော်လမြိုင် ဒေသပေါက်ဈေးတွေကတော့ အတက်အကျမရှိဘဲ ဈေးငြိမ်လျက်ရှိနေပါတယ်။ မြိတ်မှာ RSS-3 တစ်ပေါင် ၆၈၁ ကျပ်နဲ့ မော်လမြိုင်မှာRSS-3  တစ်ပေါင် ၇၉၀ ကျပ်ဖြစ်ပြီး ဇွန်လဆန်းမှာဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဈေးနဲ့ ရပ်တည်နေ တာဖြစ်ပါတယ်။                                     
ယဉ်ယဉ်အေး