Main menu

Background

တရုတ်သို့ သကြားတင်ပို့

Wed, 07/08/2015 - 20:26 -- journal_editor

ဇွန်လ ၂၀ ရက်မှ၂၆ရက်ထိကာလအတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက် တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၂၇၅ သန်းတန်ဖိုးရှိ သကြားဖြူ ၄၅၈ တန်တင်ပို့ခဲ့ပါတယ်။
ဇွန်လတစ်လလုံးမှာ ကန်ဒေါ်လာ ၁  ဒသမ ၉၉၅ သန်းတန်ဖိုးရှိ သကြားဖြူ ၃၃၂၅ တန် ၊ ကန်ဒေါ်လာ သုည ဒသမ ၁၃၇ သန်းတန်ဖိုးရှိ သကြားညို ၂၃၆ တန်ခွဲ တင်ပို့နိုင်ခဲ့ပြီး သကြားတစ်ပိဿာ ပေါက်ဈေးကတော့ ၁၀၀၀ကျပ်နဲ့၁၁၀၀ကျပ်ကြား ရှိတယ်လို့ သိရှိရပါတယ်။        
မြင့်မြင့်မာ