Main menu

Background

သံမဏိတင်သွင်းမှုအပေါ် သွင်းကုန်ခွန် တစ်ပတ်အတွင်း တိုးမြှင့်ကောက်ခံရန် အိန္ဒိယနိုင်ငံဆုံးဖြတ်

Wed, 07/08/2015 - 20:27 -- journal_editor

သံမဏိတင်သွင်းမှုအပေါ် သွင်း ကုန်ခွန်များကို တစ်ပတ်အတွင်း  တိုးမြှင့် ကောက်ခံရန် အိန္ဒိယနိုင်ငံ အကြီးစား စက်မှုလုပ်ငန်းများနဲ့   ပြည်သူပိုင်လုပ် ငန်းများဝန်ကြီးဌာန   ဝန်ကြီး Anant Geete    က ပြောကြား လိုက်ပါတယ်။  ထိုကဲ့သို့  တိုးမြှင့်စည်းကြပ်ရန် ဆုံးဖြတ်ရခြင်းမှာ ပြည်တွင်းထုတ်လုပ် သူများအား ပြည်ပနိုင်ငံများ   ဥပမာ အားဖြင့် တရုတ်၊ ရုရှားတို့မှ တင်သွင်း ခြင်းကို ကာကွယ်ပေးရန် ဖြစ်တယ်လို့ ဝန်ကြီးက ပြောကြားပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း ပြည်ပမှ သံမဏိအများအပြား  တင်သွင်းခြင်းကို ဟန့်တားတဲ့အနေနဲ့ အစိုးရက သံပြားတင်သွင်းခြင်းအပေါ် ၇ ဒသမ ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်း၊  သံချောင်းလုံး တင်သွင်းခြင်းကို ၅ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းသို့ သွင်းကုန် ခွန်များကိုအသီးသီး မြှင့်တင်ထား ပြီးဖြစ်ပါတယ်။ပြည်တွင်းမှသံမဏိကုမ္ပဏီများ ဖြစ်တTa Ta Steel Co., JSW Steel  Ltd  နဲ့ Kalyani Steels Ltd  ိ   ကဲ့သို့သောကုမ္ပဏီအများ အပြားဟာ ပြည်ပမှ သံမဏိတင်သွင်းမှု များပြားလွန်းတဲ့ အတွက် အမြတ်အစွန်း နည်းနေတယ် လို့ သိရပါတယ်။အကြီးစား  စက်မှုလုပ်ငန်းများ ဝန်ကြီးဌာနဝန်ကြီးနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီးတို့တွေ့ဆုံပြီး ပြည်ပမှ အိန္ဒိယသို့ တင်သွင်းတဲ့ သံမဏိရဲ့  အရည်အသွေးကို  စစ်ဆေး ဖို့လိုအပ်ကြောင်းပြောကြားသွားမယ် လို့မွမ်ဘိုင်းမှာပြုလုပ်တဲ့ စက်မှု လုပ်ငန်းများ ကွန်ဖရင့်မှာ မီဒီယာတွေ ကိုပြောကြားခဲ့ပါတယ်။
CMK