Main menu

Background

ဒေသထွက်ကုန်နည်းပါးသော်လည်း မောင်တောတွင်ကုန်သွယ်မှုပုံမှန်ရှိနေ

Wed, 07/15/2015 - 20:53 -- journal_editor

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၊ ဇွန်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှ ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၃၉၂ သန်း ၊ သွင်း ကုန် ကန်ဒေါ်လာ သုည ဒသမ ၀၀၅ သန်းနဲ့ ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ သုည ဒသမ ၃၉၇ သန်း ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့အများဆုံး ပို့ကုန်များမှာ ရေထွက်ပစ္စည်းဖြစ်တဲ့ ငါးနီတူခြောက်၊ ငါးသ လောက်၊ ရေငန်ပုစွန် ၊ လယ်ယာထွက်ပစ္စည်း လဲမှို့ (အစေ့ပါ)၊ စက်မှုကုန်ချောပစ္စည်းများဖြစ်တဲ့ ဖိနပ်၊ ထွန်းရွှေဝါ၊ သနပ်ခါး ခဲ၊ ဆီးယိုထုပ်များဖြစ်ကြပြီး သွင်းကုန်များမှာ လူသုံးကုန် ပစ္စည်းဖြစ်တဲ့ ဒန်ရေတကောင်း၊ ပလတ်စတစ်ရေပုံး၊ တီရှပ်၊ ဖိနပ်တို့ဖြစ်ကြပါတယ်။
ဇွန်လမှာ အနီးစပ်ဆုံးမေလထက် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၀၆၃ သန်း လျော့နည်းခဲ့ပါတယ်။ ထိုသို့ လျော့နည်းရခြင်းမှာ ငါးခြောက်ရာသီကုန်ဆုံးသွားပြီး ဒေသထွက် ရေငန်ပုစွန်များမှာလည်း စစ်တွေမှတစ်ဆင့် ရန်ကုန်သို့ တင်ပို့နေသဖြင့် မျှော်မှန်းသလောက် တစ်ဖက်နိုင်ငံ သို့ တင်ပို့နိုင်မှုမရှိသဖြင့် ယခုလတွင် ကုန်သွယ်မှုလျော့နည်း ရခြင်းဖြစ်ပါတယ်။
လာမယ့်လများမှာ ကုန်သွယ်မှုတိုးတက်လာစေရေး အတွက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ မိတ်ဖက် ဌာန များ ၊ ကုန်သည်လုပ်ငန်းရှင်များနှင့်ပေါင်းစပ်ညှိနှိုင်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မောင်တောနယ်စပ်စခန်းမှ သတင်း ရရှိပါတယ်။                                                    

    မြင့်မြင့်မာ