Main menu

Background

အကောက်ခွန်မဲ့ တင်သွင်းလာသည့် မော်တော်ယာဉ် ကိုးစီးကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်း

Wed, 07/15/2015 - 20:55 -- journal_editor

ပဲခူးတိုင်း ၊ ဝေါမြို့နယ်ညောင်ခါး ရှည်အနီး အခြေပြုတဲ့Mobile Team  လရ-၂ အဖွဲ့သည် မြဝတီမှ ရန်ကုန် ဘက်သို့ မောင်းနှင်လာတဲ့ မော်တော် ယာဉ်များအား စစ်ဆေးရာ ဇွန်လ ၂၆ ရက်မှ ၂၉ ရက်ထိကာလအတွင်း တရား ဝင် အထောက်အထား တင်ပြနိုင် ခြင်းမရှိတဲ့ ယာဉ်ကိုးစီးကို စစ်ဆေးတွေ့ ရှိခဲ့ပါတယ်။
အဆိုပါယာဉ်ကိုးစီးမှာ Toyota MarkII , Mitsubishi Pajero,Toyota Caldina, Honda Fit,  Toyota Hiace, Isuzu Bighorn  နှစ်စီး၊Honda CRV, Toyota Ipsum အမျိုးအစားများဖြစ်ပြီး ကညနအဖွဲ့နဲ့အတူ  အသေးစိတ်စစ် ဆေးမှုများပြုလုပ်ခဲ့ရာ အကောက်ခွန်မဲ့ တင်သွင်းလာသည့် တရားမဝင်မော် တော် ယာဉ်များဖြစ်ကြောင်း စိစစ်တွေ့ ရှိရသဖြင့်အကောက်ခွန်အမှုတွဲ  ဖွင့် လှစ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်း ဆည်းခဲ့တယ်လို့ သိရပါတယ်။                                       
MIRT