Main menu

Background

ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအတွက် အခွန်ငွေပေးသွင်းရာမှာ ကန်ပိုက်တီးကုန်သည်များ တွေ့ကြုံရတဲ့ အခက်အခဲများ ပြေလည်မှုရရှိ

Wed, 07/15/2015 - 20:56 -- journal_editor

မေလကပြုလုပ်ခဲ့တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးကျင်းပစဉ်က ကန်ပိုက်တီးကုန်သည်အသင်းမှ ဆွေးနွေးတင်ပြခဲ့တဲ့ ယန္တရားတင်သွင်းသူများ အနေနဲ့ မြစ်ကြီးနားမြို့မှာ နေထိုင်ကြသူများဖြစ်ရာ ကန်ပိုက်တီးသို့ အခွန်ပေးဆောင် ရန် ငွေသိန်းပေါင်းများစွာသယ်ယူ၍ လုပ်ငန်းများ ဆောင်ရွက်နေရတဲ့အတွက် လုံခြုံရေးအရ သီးခြားဘဏ်စနစ်တစ်ခု ဆောင်ရွက်ပေးပါက ပိုမိုအဆင်ပြေမည် ဖြစ်ကြောင်း တင်ပြခဲ့ခြင်းနှင့်စပ်လျဉ်းပြီး မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်)ကို စာပေး ပို့ခြင်း  ဇွန်လဆန်းက နေပြည်တော်မှာ လစဉ်ကျင်းပပြုလုပ်တဲ့ OSSှ ညွှန်ကြားရေးမှူး ချုပ်အဆင့် အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးနောက် ယခုအခါ မြစ်ကြီးနား မြန်မာ့စီးပွားရေးဘဏ်မှာ ကုန်သည်လုပ်ငန်းရှင်များ စာရင်းရှင်  (Cur-rent Account) ဖွင့်လှစ်ထားနိုင်ပြီး ၎င်းင်းငွေစာရင်းမှတစ်ဆင့် ကျသင့်အခွန်အခများကို ချက်လက်မှတ်နဲ့ ပေးချေခွင့်ကို ဆောင်ရွက်ပေးထားပြီး ဖြစ်တယ်လို့  ဇွန်လ ၃၀ ရက်နေ့က ပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးမှာ စခန်းတာဝန်ခံက ကုန်သည်များကို အသိပေးပြောကြားခဲ့ပါတယ်။
ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖြေလျော့ဆောင်ရွက်ပေးနေသလို အခက်အခဲများကြုံတွေ့ ရပါကလည်း လျော့နည်းနိုင်သမျှ လျော့နည်းအောင်လည်း လုပ်ဆောင်ပေးနေရာ ကုန်သည်လုပ်ငန်းရှင်များ အနေနဲ့ တွေ့ကြုံရတဲ့အခက်အခဲ များကိုတင်ပြကြရန်နဲ့ အထက်ဌာနအကြီးအကဲများကလည်း အမြန်အရေးယူ (Action)အလေးထားဆောင်ရွက်ပေးလျက်ရှိတယ်ဆိုတာကို သက်သေပြလိုက်တာ ပဲ ဖြစ်ပါတယ်။ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ နိုင်ငံတော်ရဲ့စေတနာကို နားလည် ပြီး မိမိအကျိုး-နိုင်ငံတော်အကျိုးကို အတ္တ ပရမျှတစွာနဲ့ တရားဝင်လမ်းကြောင်းပေါ်က မှန်မှန်ကန်ကန်ဆောင်ရွက်သွားကြရန်နဲ့ ဌာနဆိုင်ရာများနဲ့ ကုန်သည်လုပ်ငန်းရှင် များ စည်းလုံးညီညွတ်စွာနဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်လာမှာဖြစ်ကြောင်း၊ ကုန်သွယ်မှုတိုးတက်လာတာနဲ့အမျှ ဒေသရဲ့ လူနေမှု အဆင့်အတန်းလည်း တိုးတက်လာစေမှာဖြစ်ပါတယ်။
MIRT