Main menu

Background

ဘဏ္ဍာနှစ်ပထမ သုံးလပတ်ကာလတွင် ရိဒ်ကုန်သွယ်ရေးစခန်းက ကုန်သွယ်မှုလျာထားချက်အပေါ် အများဆုံးဆောင်ရွက်နိုင်

Thu, 08/13/2015 - 20:15 -- journal_editor

     မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိဒ် ကုန်သွယ်ရေးစခန်းသည် ကုန်သွယ်ရေး စခန်း ၁၅ ခုရှိတဲ့အနက် ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလ (ဧပြီ၊ မေ၊ ဇွန်) အတွင်းမှာ ကုန်သွယ်မှုလျာထားချက်အပေါ် အများဆုံးဆောင်ရွက်နိုင်တဲ့ အ ဆင့် (၁)ရရှိပြီး ရာနှုန်းပြည့်ထက် ကျော်လွန်အောင်ဆောင်ရွက်နိုင်သော စခန်းများအလိုက် ထိပ်ဆုံးမှာရှိတဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။ ယခုကဲ့သို့ လျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခြင်းဟာ ကုန်သည်များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ ကုန်သည်အသင်း၊ ဌာနဆိုင်ရာတို့ စည်း စည်းလုံးလုံး ညီညီညွတ်ညွတ် ကြိုးပမ်းဆောင်ရွက်နိုင်မှုကြောင့်ဖြစ်တယ်လို့ ဇူလိုင်လ ၃၀ ရက်နေ့က ရိဒ်ကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမမှာ ကျင်းပပြုလု ပ်တဲ့ ကုန်သွယ်မှုမြှင့်တင် ရေး အစည်းအဝေးမှာ ရိဒ်ကုန်သွယ်ရေး စခန်း တာဝန်ခံက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။
     ရိဒ်ကုန်သွယ်ရေးစခန်းရဲ့ အများဆုံးပို့ကုန်များမှာ ကွမ်းသီး၊ မုန့်မျိုးစုံ၊ စီးကရက်၊ ပလတ်စတစ်အိတ်ဖြစ်ပြီး အများဆုံးသွင်းကုန်များမှာ ဓာတ်မြေ သြဇာ၊ ပုလဲ၊ ဆံပင်၊ နိုင်လွန်ချည်၊ မော် တော်ဆိုင်ကယ်တို့ ဖြစ်ကြပါတယ်။

 

MIRT