Main menu

Background

ကယ်ဆယ်ရေးကို အကြောင်းပြ၍ အကောက်ခွန်မဲ့ပစ္စည်းများ တင်သွင်းလာသည်ကို စစ်ဆေးတွေ့ရှိ

Thu, 08/27/2015 - 16:12 -- journal_editor

      ရေဘေးကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာတဲ့ ယာဉ်ပေါ်မှ အကောက်ခွန်မဲ့တင်ဆောင်လာသော ကားအလှဆင်ပစ္စည်းများကို Mobile Team အဖွဲ့က  စစ်ဆေးတွေ့ရှိခဲ့တဲ့သတင်းကို ဖတ်လိုက်ရတော့ ဖြူစင်တဲ့ ကု သိုလ်အမှုပြုလုပ်တာကို ဘာကြောင့် တရားမဝင်လို့ဘဲပြောပြော မှောင်ခိုလုပ်တယ်ပဲဆိုဆို အနက်ရောင်မဆိုးသင့်ဘူး၊ အဖြူကို အနက်မဆိုးသင့် ပါလို့ တီးတိုးရေရွတ်မိလိုက်ပါတယ်။
      ဖြစ်စဉ်ကတော့ သြဂုတ်လ ၁၇ ရက် ၀၆း၀၀ ချိန်မှာ ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့ ပဒေသာရပ်ကွက်ရှိ xxxx ထမင်းဆိုင်ရှေ့မှာ ရေဘေးသင့်ပစ္စည်းများ တင်ဆောင်လာတဲ့ ယာဉ် 3F/xxxx ပေါ်မှ အကောက်ခွန်မဲ့ ပစ္စည်း များချနေကြောင်း သတင်းပေးပို့ချက်အရ ဘုရားကြီးရဲစခန်းမှစခန်းမှူး ဦးစီးအဖွဲ့က သက်သေများနဲ့အတူ သွားရောက်စစ်ဆေးတားဆီးပြီး Mobile Team အဖွဲ့ကို အကြောင်းကြားလာခြင်းဖြစ်ပါတယ်။ Mobile Team အဖွဲ့မှ လ က်ထောက်ညွှန်ကြားရေး မှူးဦးစီးတဲ့အဖွဲ့က ရေဘေးလှူဒါန်းမှုနဲ့ မဆိုင်တဲ့ အကောက်ခွန်မဲ့ တင်ဆောင်လာတဲ့ ကားအလှဆင် ပစ္စည်း ၁၀ မျိုး၊ ခန့်မှန်းတန်ဖိုး ကျပ် ၄၁ ဒသမ ၀၈၀ သိန်း တန်ဖိုးအား ဘုရားကြီးရဲစခန်းမှ လွှဲပြော င်း လက်ခံရယူခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ အကောက်ခွန်အမှုတွဲဖွင့်၍ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်း အပ်နှံပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိတဲ့ အကောက်ခွန်ပစ္စည်းတွေ ကတော့ Vigo Hilux ယာဉ် အလှဆင် Fog Lamp Cover  ၉ ထုပ်၊ကားတံခါးလက်ကိုင်ကွင်း ၂၈ ထုပ်၊ နောက်ဖုံးတံခါး လက်ကိုင် ၁၀ ထုပ်၊ဆီတိုင်ကီအဖုံး အခု ၂၀၊ ဘိုးဘား (ဝိုက်/အခြမ်း) ၇ စုံ၊ ရေကာ ၆ စုံ၊ ရှေ့ဖုံး(ဘောနက်) ၆ ခု၊ရှေ့မီးခွက်ကာဘာ ၆ ခု၊ နောက် ဘန်ပါ ၂ ခု ၊ဘောနက်နှာပေါက် ၁၅ ခုတို့ဖြစ်ပါတယ်။
        အဆိုပါယာဉ်ဟာ နောက်တစ်စီးနဲ့အတူ သြဂုတ်လ ၁၇ ရက် ၀၀း၁၅ ချိန်မှာ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် ညောင်ခါးရှည်မှာ ယာယီအခြေပြုထားတဲ့ Mobile Team အဖွဲ့လရ-၂ကို ဖြတ်သန်းဝင်ရောက်သွားခဲ့တဲ့ မြဝတီမှ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ် ရေဘေးသင့်ပြည်သူများအား လှူဒါန်းမယ့် ရေဘေးကယ်ဆယ်ရေးယာဉ်နှစ်စီးထဲမှ တစ်စီးဖြစ်ပါတယ်။ အထက်အညာဒေသမှာလည်း ရေဘေးကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်တဲ့ ကား မှာ တမလန်းသစ်များ သယ်ယူမှုကို ဒေသအာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုလည်း ဖတ်လိုက်ရတဲ့အတွက် ကုသိုလ်ရေးမှာ အကုသိုလ်မပါစေဖို့ အဖြူကို အနက်မဆိုးကြစေဖို့ ရေးသားလိုက်ရပါတယ်။

 

MIRT