Main menu

Background

ရေကြီးပြီး လမ်းတံတားများကျိုးပျက်မှုကြောင့် မြန်မာ-အိန္ဒိယ ကုန်သွယ်ရေးစခန်း ကုန်သွယ်မှုရပ်တန့်

Thu, 08/27/2015 - 16:27 -- journal_editor

       စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့၏ တမူး-ကလေးကားလမ်းပိုင်းသည် ဇူလိုင်လ ၂၈ ရက်နေ့မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုဖြစ်ကာ ချောင်းရေစီးကြမ်းမှုကြောင့် တံတား ၄ စင်းဖြစ်တဲ့ တွီဗန်တံတား၊ ကမ္မကြီးတံတား၊ ကနန်တံတား၊ ခမ်းပတ်တံတားများမှာ ပျက်ဆီးချို့ယွင်းမှုများဖြစ်ပေါ် ပြီး ယာဉ်များသွားလာနိုင်ခြင်းမရှိတဲ့အတွက် ကုန်သွယ်မှုရပ်တန့်သွားတယ်လို့ တမူးနယ်စပ်ကုန်သွယ်ရေးမှ သိရပါတယ်။ ကုန်သွယ်မှုရပ်တန့်မှုကြောင့် မြန်မာ-အိန္ဒိယနယ်စပ်ရှိ နန့်ဖာလုံဈေးကိုလည်း နှစ်ပတ်ကျော်သည်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း၊ နန့်ဖာလုံဈေးသူဈေးသားများထံမှ စုံစမ်းသိရှိရပါတယ်။ ပြည်တွင်းမှ ပုံမှန်တင်သွင်းလေ့ရှိတဲ့ အစားအသောက်အသီးအနှံ များကို သယ်ယူရန်မှာ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့စဉ်က စစ်ကိုင်းတိုင်းအတွင်းရှိ တံတားများပျက်စီးကျိုးကျခဲ့သဖြင့် ကုန်သည်များအနေနဲ့ ကုန်သွယ်ရန် အခက်အခဲဖြစ်နေတယ်လို့ တမူးမြို့ရှိ ကုန်သည် တစ်ဦးထံမှ သိရပါတယ်။ ကု န်သွယ်မှု တွေရပ်ထားတာ ဇူလိုင်လ ၂၆ ရက်နေ့ ကတည်းကဖြစ်ပြီး အိန္ဒိယဘက်က ကုန်သည်တွေအနေနဲ့ အခု တစ်ယောက်စနှစ်ယောက်စတော့ ပြန်လာနေကြပြီလို့ သိရပါတယ်။ လောလောဆယ် ရေကြီးမှုကြောင့် ကုန်ဈေးနှု န်းတွေ တက်သွားတာမျိုးတော့မရှိသေးဘူးလို့သိရပါတယ်။ ရေကြီးရေလျှံမှုများကြောင့် လမ်းများပျက်စီးခြင်း၊ ကုန်ပစ္စည်းများ ပြတ်လပ်ခြင်းတို့ကြောင့်သာ နန့်ဖာလုံဈေးကို ယာယီပိတ်ထားခဲ့ရပြီး သက်ဆိုင်ရာ လမ်းပန်းဆက်သွ ယ်ရေးတာဝန်ရှိသူများနဲ့ ချိတ်ဆက်ပြီးဈေး အမြန်ဆုံး ပြန်ဖွင့်နိုင်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ နန့်ဖာလုံဈေးမှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။                  

 

ခင်မိုးသူ