Main menu

Background

ပြောင်းအိတ်များနဲ့ ဖုံးအုပ်သိုဝှက်သယ်ဆောင်လာတဲ့တမလန်းသစ်များနဲ့ မြန်မာကျပ်ငွေများအား ဖမ်းဆီးရမိ

Thu, 08/27/2015 - 16:48 -- journal_editor

      သြဂုတ်လ ၁၄ ရက် ဝရး၅၀ ချိန် မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသော ၂၂ ဘီးယာဉ်အား နောင်ချို ယာယီအခြေပြု Mobile Team အဖွဲ့က ရပ်တန့်စစ်ဆေးစဉ် ပြောင်းဖူးစေ့အိတ် များဖုံးအုပ်သိုဝှက် တင်ဆောင်လာ တဲ့ တမလန်းသစ်များကို စစ်ဆေးတွေ့ရှိ ခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်ခေါင်းခန်းကို စစ်ဆေးရာမှာ မြန်မာကျပ်ငွေ သိန်းနှစ်ဆယ့်ရှစ်သောင်းခြောက်ထောင် ကျပ်ကို ထပ်မံတွေ့ရှိရတယ်လို့သတင်းရရှိပါတယ်။
      တစ်ဖက်နိုင်ငံသို့ တရားမဝင် တင်ပို့ရန် သယ်ဆောင်လာတဲ့ တမလန်းသစ်များကို စနစ်တကျရေတွက်ပြီး သစ်တောဦးစီးဌာန နောင်ချိုသို့လည်း ကောင်း၊ ၂၂ ဘီးယာဉ်နဲ့ မြန်မာကျပ် သိန်းနှစ်ဆယ်ကျော်ကို အကောက်ခွန် ဦးစီး ဌာနသို့လည်းကောင်း၊ လုပ်ထုံးလုပ်နည်းနဲ့အညီ အမှုတွဲများဖွင့်လှစ် အပ်နှံသွားမယ်လို့ သတင်းရရှိပါတယ်။ သိမ်းဆည်းရမိ တမလန်းဓါးရွေ ၁၀ ဒသမ ၇၇၅၄ တန်၊ ၅၃၈၇၇၀၀၀ ကျပ်နဲ့ Prime Mover Head with Trailer ၁ စီး ၊ ကျပ်သိန်း ၁၀၀၀၊ ပြောင်းဖူးစေ့အိတ် ၁၄၀ ၊ ကျပ် ၁၄ သိန်း၊ စုစုပေါင်း ခန့်မှန်း တန်ဖိုးကျပ်သိန်း ၁၅၇၃ ဒသမ ၆၃၀ ရှိတယ်လို့သိရပါတယ်။

 

MIRT