Main menu

Background

သက်တမ်းလွန်ထောက်ခံချက်များနဲ့ သယ်ဆောင်လာတဲ့ ဆိတ်များအား မန္တလေး-လားရှိုးရထားပေါ်မှ သိမ်းဆည်းရမိ

Thu, 08/27/2015 - 17:01 -- journal_editor

       မန္တလေးမှ လားရှိုးဘက်သို့ မောင်းနှင်လာတဲ့ မီးရထားပေါ်မှာ ဆိတ်များသယ်ဆောင်လာတယ်လို့ သတင်းရရှိတဲ့အတွက် နောင်ချို ယာယီအခြေစိုက် Mobile Team အဖွဲ့သည် နောင်ချိုဘူတာမှာ သွားရောက်စောင့်ဆိုင်းခဲ့ပါ တယ်။ သြဂုတ်လ ၁၂ ရက်နေ့ ၁၁း၀၀ နာရီချိန် နောင်ချိုဘူတာကို ဆိုက်ရောက်လာတဲ့ မန္တလေး-လားရှိုး ၁၃၁ Up ရထားပေါ်မှာ ဆိတ်ကောင် ရေ ၁၇၀ အား တန်ဆာလုပ်သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိရပါတယ်။ မန္တေ လးမြို့ဟောင်းဘူတာမှ သီပေါမြို့ထိ တန်ဆာခပြုလုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စာရွက်စာတမ်းများ တောင်းခံစိစစ်ရာမှာ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနရဲ့ ဖေဖော်ဝါရီလ ၂ ရက်နဲ့ မေလ ၁၂ ရက် ရက်စွဲပါကုသေ ရးဦးစီးဌာနရဲ့ တိရစ္ဆာန်ကျန်းမာရေး ထောက်ခံချက်များသာ တွေ့ရှိရပါတယ်။ သက်ဆိုင်ရာဌာနများရဲ့ တိုင်းကျော်ပြည်နယ်ကျော် သယ်ယူခွင့် အပါအဝင် အခြားစာရွက်စာတမ်း၊ အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်း မရှိ ခဲ့ပါဘူး။ အထက်ပါဆိတ် ၁၇၀ ကောင် (ခန့်မှန်း တန်ဖိုး ကျပ် ၁၁၉ သိန်း)ကို နိုင်ငံဘဏ္ဍာအဖြစ်သိမ်းဆည်းပြီး နောင်ချိုမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အပ်နှံထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 

MIRT