Main menu

Background

မူဆယ်မှတစ်ဆင့် တရုတ်ပြည်သို့ ဖရဲပိုမိုတင်ပို့

Thu, 08/27/2015 - 18:40 -- journal_editor

       မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၁ ရက်မှ ၁၅ ရက်အတွင်း ကန်ဒေါ်လာ ၄၁၇၅၉ တန်ဖိုးရှိ ဖရဲသီး ၃၈၃ တန်တင်ပို့ခဲ့ရာ ဇူလိုင်လအတွင်းက တင်ပို့ခဲ့တဲ့ ဖရဲသီးတန်ချိန်  ၂၄၉ တန်ထ က် ပိုမိုတင် ပို့ခဲ့တာကို တွေ့ရပါတယ်။ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်က လွဲပြီး ဖရဲ၊ သခွားကို နိုင်ငံတစ်ဝန်း စိုက်ပျိုးကြပြီး စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသကြီးတို့တွင် စိုက်ဧက အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ  ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများ အစုအဖွဲ့မှ သိရပါတယ်။ မူဆယ် သစ်သီးဝလံကုန်စည်ဒိုင်သို့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဖရဲလာရောက်ရောင်းချတဲ့ ကားစီးရေ တစ်ရက်လျှင် အစီး ၄၀၀ မှ ၅၀၀ ကျော်ထိရှိပြီး နေ့စဉ် ဝင်/ထွက်လျက်ရှိကြောင်း သတင်းရရှိပါတယ်။

 

မော်မော်အောင်