Main menu

Background

ပို့ကုန်အမယ်သစ် "ကြယ်ပဲ (သို့) စြင်္ကာပဲ"

Thu, 08/27/2015 - 20:05 -- journal_editor

       ပို့ကုန်အမယ်သစ် ဖြစ်လာမယ့် ကြယ်ပဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ ကျေးရွာတော်တော်များများမှာ တောင်သူများစမ်းသပ်စိုက်ပျိုးနေတာကြောင် လားရှိုးမြို့နဲ့ ၁၆ မိုင်အကွာ နမ့်တွန်းကျေးရွာအုပ်စု၊ ဟော င်း လိမ်ကျေးရွာတို့ရှိ တောင်သူဦးထန်အောင်ရဲ့ အော်ဂဲနစ်စိုက်ခင်း ကိုလေ့လာရာ စိုက်ပျိုးသူအနေဖြင့် ခြောက်ဧကခန့် စိုက်ပျိုးထားပြီး နာနတ်၊ နှစ်ရှည်ပင်၊ သစ်မွှေးနဲ့ နံ့သာ နီပင်တွေပါ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိပါတယ်။ ကြယ်ပဲ ကို တောင်သူများ တိုးချဲ့ စိုက်ပျိုးနေတာကြောင့် စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေနဲ့ စီးပွားရေးအကျိုးအမြတ်ရှိနိုင်မယ့် အခြေအနေတို့ကို မေးမြန်းဆွေးနွေးခဲ့ကြပါတယ်။
        ကြယ်ပဲရဲ့ မူလစိုက်ပျိုးရာဒေသက တောင်အမေရိကတိုက်၊ ပီရူးနိုင်ငံ အမေဇုန်တောမှာ အလေ့ကျပေါက်တဲ့ နှစ်ရှည်ဆီထွက်သီးနှံ နွယ်ပင်တစ်မျိုး ဖြစ်ပြီး၊ တစ်နှစ်ပတ်လုံး ခူးဆွတ်နိုင်ကာ ရေကြိုက်သောအပင်ဖြစ်သော် လည်း ရေဝပ်ခြင်း၊ မိုးများခြင်း၊ အအေးဓာတ်လွန်ကဲခြင်းကို မနှစ်သက်သော အပင် ဖြစ်ပါတယ်။ ပီရူးနိုင်ငံတွင် အလေ့ကျ ပေါက်သောကြယ်ပဲကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သောအဆင့်သို့ ရောက်ရှိနေပြီးဖြစ်ပါတယ်။ မြန်မာနိုင် ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ကုမ္ပဏီများမှတစ်ဆင့် ထိုင်းနိုင်ငံ (အစ္စရေး)မျိုးကို တင်သွင်းကာ တောင်သူများသို့ (၅ နှစ် မှ ၁၅ နှစ်) စာချုပ်ဖြင့် Organic သီးနှံအဖြစ် စိုက်ပျိုးစေပြီး ပြန်လည်ဝယ်ယူလျက်ရှိပါတယ်။  ရှမ်းပြည် နယ်  (မြောက်ပိုင်း) ကျေးရွာများမှာတော့ ဧက ၁၀၀ ကျော် ခန့် စမ်းသပ်စိုက်ပျိုးလျက် ရှိနေပြီဖြစ်ပါတယ်။  ကြယ်ပဲစိုက်ပျိုးရာမှာ  ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၅၀၀၊ မိုးရေချိန် လက်မ ၂၀၀ ကျော်နဲ့ နှုန်းတင်မြေနုမကျန်  စိုက်ပျိုးနိုင်တာကြောင့် မြန်မာနိုင်ငံတစ်ဝန်း  စိုက်ပျိုးပါက တောင်သူများ အကျိုးစီးပွား ဖြစ်ထွန်းလာနိုင်ကာ အမယ်သစ်ဈေးကွက်ဝင် ဆေးဝါးထုတ်ကုန်တစ်မျိုး ဖြစ်လာနိုင်ပါတယ်။ ကြယ်ပဲစိုက်ပျိုးရာမှာ စိုက်ပျိုးစနှစ်မှာ တစ်ဧကမျိုး တစ်ကီလို ၃၀၅၀၀၀ ကျပ်၊ ရေသွယ်ခြင်း၊ သစ်ဝါးနဲ့ သွပ်နန်းကြိုး  စတာတွေနဲ့ ပေါင်းရှင်းလင်းခြင်းတို့အပါအဝင် တစ်ဧကကုန် ကျစရိတ် ၁၀-၁၅ သိန်းကြားရှိပါတယ်။ မြေသြဇာအဖြစ် EM ဘိုကာရှီကိုသုံးပြီး စိုက်ပျိုးခြင်းကြောင့်  အပင်ဖြစ်ထွန်းစဉ် ၁၅ ရက်တစ်ကြိမ် မှိုဆေးသာ ပက်ဖျန်း ပေးရပါတယ်။
       နှစ်စဉ် မိုးဦးကျမှာ  ပျိုးထောင် ကာ ၄၅ ရက်သားမှာ စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီး တစ်ဧကလျှင် အပင် ၇၂၀ ခန့်အထိ ဝင်ဆံ့ပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ တစ်ရက် ရေတစ်ဂါလန်ခန့်လိုအပ်ပြီး ရေ အ လုံအလောက် ရရှိရန်လိုအပ်မည်ဖြစ်ပါတယ်။ အပင်တစ်ပင်တွင် အစေ့ ၄-၈ စေ့အထိပါ၍ အသီးလုံးရေ ၁၀ လုံး ကျော်သီးပြီး တစ်ကြိမ်လျှင် နှစ်ကီလို ခူးဆွတ်နိုင်ခြင်းကြောင့် တစ်ဧကလျှင် ကီလို ၁၂၀၀ မှ ၁၅၀၀ အထိထွက် ရှိနို င်ကာ တစ်နှစ် နှစ်သီးမှ သုံးသီးအထိ ခူးဆွတ်နိုင်မှာ ဖြစ်ပါတယ်။ ကြယ်ပဲကို ထုတ်လုပ်သုံးစွဲရာမှာတော့ ဆေးဝါးအဖြစ် (Omega-3,6,9) တို့ကို အဓိကထုတ်လုပ်ကာ အစေ့အား ကော်ဖီမှုန့်သဖွယ် ထုတ်လုပ်သောက်သုံးနိုင်ခြင်း၊ အရွက်အား ရေဖြင့်ပြုတ်၍လည်း သောက်သုံးနိုင်ခြင်းတို့ကြောင့် ဆေးဝါးထုတ်ကုန်တစ်မျိုးဖြစ်ပါတယ်။ ယခုအခါ ပြည်တွင်းကုမ္ပဏီများ ဖြစ်သောရှင်းသန့်ချမ်းသာ၊ Asia Time၊ ခန္ဓာရွှေပြည်စတဲ့ကုမ္ပဏီများက တောင်သူများထံ နှ စ်ရှည်စာချုပ်ဖြင့် မျိုးဖြန့်ဖြူးကာ ကုန်ကြမ်းအဖြစ် ပြည်လည်ဝယ်ယူလျက်ရှိရာ ကြယ်ပဲအစေ့ တစ်ကီလိုလျှင် ၂၀၀၀ ကျပ်ရှိပြီး တရုတ်ပြည်တွင် တစ်ကီလိုလျှင် ၅၀၀၀ ကျပ်အထိရှိကြောင်း၊ တစ်ကြိမ်ခူးဆွတ်ပါက တစ်ဧက ဝင်ငွေ ၁၄ သိန်းမှ သိန်း ၃၀ အထိ ရရှိမှာဖြစ်လို့ အမြတ်ငွေ နှစ်စမှာ ၁၀ သိန်းကျော် ရရှိ နိုင်ကြောင်း၊ ဈေးကွက်မှာလည်း တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံများသို့ ပြန်လည်တင်ပို့လျက် ကုန်ချောအဖြစ် ထုတ်လုပ်လျက်ရှိခြင်းကြောင့် တောင်သူ များ နည်းစနစ်ကျကျတိုးချဲ့စိုက်ပျိုးမည်ဆိုပါက ပို့ကုန်အမယ်သစ်တစ်ခု ဖြစ်လာနိုင်ပြီး ဝင်ငွေတိုးတက်လာနိုင် ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

 

လှစိုး-လားရှိုး