Main menu

Background

မြန်မာ-တရုတ်နယ်စပ်မှ ရေထွက်ကုန်ပိုမိုတင်ပို့

Wed, 09/02/2015 - 19:35 -- journal_editor

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေ ဟော်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ  ၁ ဒသမ ၉၉၈ သန်းဖိုးရှိတဲ့ ရေထွက်ကုန် ၈၆၄ တန်ကျော်ကို သြဂုတ်လ ၁၅ ရက်မှ ၂၁ ရက် နေ့ထိ ကာလအတွင်းမှာ တရုတ်နိုင်ငံကို တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့တဲ့ ရေထွက်ကုန်တွေကတော့ ကဏန်း ၃၃၈ တန်ခန့်၊ ငါးရှဉ့် ၂၄၅ တန်ကျော်၊ ရေခဲငါး ၉၆ တန်ကျော်၊ ငါးမှုန့် ၃၄ တန်၊ ငါးလေးခြောက် ၁၇ တန်၊ ငါးဆားနယ် ၂၆ တန်၊ ငါးစီဖောင်း တန်ဝက်ကျော်၊ ငါးကြင်းစီဖောင်း ၄ တန်ကျော်၊ ရေခဲ ပုစွန် ၂၉ တန်ကျော်နဲ့ငါးဟောက်အရှင် ၄ တန်ကျော် ဖြစ်ပါတယ်။ မူဆယ်မှ ယခင်တစ်ပတ် တင်ပို့မှုထက် ၁၃၄ တန် ခန့် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ချင်းရွှေဟော်စခန်းမှ    ကန်ဒေါ် လာ သုည ဒသမ ၁၇၉ သန်းဖိုးရှိ ငါးရှဉ့် ၆၉ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်ကတော့ ငါးရှဉ့် တင်ပို့မှုမရှိခဲ့ ပါဘူး။ ဒါ့ကြောင့် ယခုတစ်ပတ်မှာတော့ မူဆယ်နဲ့ ချင်းရွှေဟော်မှ ရေထွက်ကုန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
        ယဉ်ယဉ်အေး