Main menu

Background

မူဆယ်နဲ့ စစ်တွေနယ်စပ်တို့မှ ဆီးသီးခြောက် တန် ၁၂၀၀ ကျော် တင်ပို့

Mon, 09/07/2015 - 17:14 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ်လ ၂၂ ရက်မှ ၂၈ ရက် အတွင်း အမေရိကန်ဒေါ်လာ  ၁၀၇၀၀၀ ဖိုးရှိ ဆီးသီးခြောက် တန်ချိန် ၁၂၀၀ ကို တင်ပို့ခဲ့သလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ ကုန်သွယ်ရေးခန်းမှလည်း အမေရိကန်ဒေါ်လာ ၃၄၀၀ တန်ဖိုးရှိ ဆီးသီးခြောက်တန် ၂၀ တင်ပို့ နိုင်ခဲ့တယ်လို့ သိရပါတယ်။
ယခင်သီတင်းပတ်က မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆီးသီးခြောက် ၂၀၂၆ တန် တင်ပို့နိုင်ခဲ့တာကြောင့်  ယခုသီတင်းပတ်မှာ ဆီးသီးခြောက် တန်ချိန် ၈၀၆ တန် လျော့နည်းတင်ပို့ခဲ့တယ်လို့ဆိုရပါမယ်။ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ယခင်သီတင်းပတ်က ဆီးသီးခြောက် ၅၆ တန် တင်ပို့ ခဲ့လို့ ယခုသီတင်းပတ်မှာတော့ ၃၆ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါတယ်။
မူဆယ်ကုန်သွယ်ရေးဇုန်မှ ယခုသီတင်းပတ်တွင် ဆီးသီးခြောက်အပြင် အမေရိကန်ဒေါ်လာ ၁၀၂၀၀၀ ဖိုးရှိ ဆီးဆံ  ၂၆ ဒသမ ၃ တန် လည်းတင်ပို့ခဲ့ တယ်လို့ သိရပါတယ်။                                                        
တင်တင်ထွန်း