Main menu

Background

မောတောင်နယ်စပ်မှ သီဟိုဠ်စေ့တင်ပို့ရန် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် ကုန်သည်များက ဒေသရုံးစိုက်ရာမှာ ထုတ်ပေးစေလို

Mon, 09/07/2015 - 17:15 -- journal_editor

မောတောင် နယ်စပ်ပေါက်မှ သီဟိုဠ်စေ့ တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့ ရန် ပိုးမွှားကင်းစင်ကြောင်း ထောက်ခံချက် လိုအပ်လျက်ရှိတဲ့အတွက် မြိတ် စိုက်ပျိုးရေးဌာနတွင် ထောက်ခံချက်တောင်းခံရာမှ ကော့သောင်းစိုက်ပျိုးရေး ဌာနမှသာ ပေးပိုင်ခွင့်ရှိတယ်လို့ သိရတဲ့အတွက် မြိတ်စိုက်ပျိုးရေးဌာနမှာ ထုတ်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် မြိတ်အခြေစိုက် ကုန်သည် တစ်ဦးက ကုန်သွယ်မှုမြှင့်တင်ရေးအစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့တယ် လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် နို့ဆီ၊ သကြားကဲ့သို့သော စားသောက် ကုန်ပစ္စည်း အချို့တင်သွင်းလိုသူ လုပ်ငန်းရှင်အများအပြားရှိသော်လည်း အခွန်နှုန်းထားမြင့်နေတဲ့အတွက် တင်သွင်းရန် အခက်အခဲဖြစ်တာကြောင့် ဖြေလျော့ပေးနိုင်ပါက နိုင်ငံတော်အတွက် ထိုက်သင့်သော အခွန်အခပေး ဆောင်ပြီး တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာနိုင်မယ် လို့လည်း အကြံပြုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။