Main menu

Background

စခန်းစုံမှ ပရဆေးကုန်ကြမ်း တင်ပို့

Wed, 09/09/2015 - 16:54 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် လနောက်ဆုံးပတ်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၈၁၃ သန်းတန်ဖိုးရှိ ပရ ဆေးကုန်ကြမ်း ၂၀၀၆ တန်ကျော် တင် ပို့နိုင်ခဲ့ပါတယ်။  တင်ပို့ခဲ့တဲ့ ပရဆေး အမယ်တွေကတော့ ဆီးခွဲခြမ်း၊ဆီးဆံ၊ဆီးသီးခြောက်၊ဝဥခြောက်၊ကြက်ဆူစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊    နေလဲစေ့၊ သီဟိုဠ်စေ့၊   ကြောင်ပန်းစေ့၊ ဒရင် ကောက်မြစ်၊ တောဂျူးမြစ်၊ တောဂျင်း၊ နနွင်းတက်၊  ကွမ်းသီးခွံ၊ မျှစ်စို၊ ရွေး ရွက်၊ကွမ်းစားဂမုန်းနဲ့ တောင်လုံးကျော် တို့ဖြစ်ပါတယ်။
လွယ်ဂျယ်နယ်စပ်မှ ကန်ဒေါ်လာ သုည   ဒသမ ၀၁၁ သန်းဖိုးရှိ မျောက်ဥခြောက် ၂၆ တန်နဲ့ ချင်းရွှေ ဟော်မှ ကန်ဒေါ်လာ ၇၅၈၇ တန်ဖိုးရှိ ဒရင်ကောက်မြစ် တန် ၅၀ ကိုတင်ပို့ခဲ့ တာတွေ့ရပါတယ်။အလား တူ     မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေး မှလည်း ကန်ဒေါ်လာ    သုည ဒသမ ၁၄၇ သန်းတန်ဖိုးရှိ  တောင်လုံးကျော် ၈ တန်ခွဲနဲ့ ရိဒ်နယ်စပ်ကုန်သွယ်ရေးမှ ကန်ဒေါ်လာ သုည ဒသမ ၀၁၈ သန်းဖိုး ရှိတဲ့ တောင်လုံးကျော် ၁ တန်တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။
မော်မော်အောင်