Main menu

Background

လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး တစ်ဖက်နိုင်ငံရဲ့ နယ်မြေမအေးချမ်းသော်လည်း တမူးနယ်စပ်မှ ကုန်သွယ်မှု ဆောင်ရွက်နိုင်

Wed, 09/09/2015 - 16:55 -- journal_editor

ဇူလိုင်လတွင်း မိုးကြီးခြင်းနဲ့ တောင် ကျချောင်းရေများကြောင့် ၉၂ မိုင် အကွာအဝေးရှိ တမူး-ကလေးကား လမ်းပိုင်းတွင် တံတားငါးစင်းပျက်စီး ခဲ့ပြီး ယာဉ်များသွားလာရေး အခက်အခဲ ဖြစ်ပေါ်ခဲ့သော်လည်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ အဖွဲ့ (၅)ဖွဲ့ခွဲပြီး တံတားငါးစင်းဘေးတွင် ရှောင်ကွင်းလမ်းများ ဖောက်လုပ်ပေး ခြင်း၊ ယာယီရေနိမ့်တံတားများ ဆောက် လုပ်ပေးခြင်းများရှိခဲ့သဖြင့် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်ပြီး ခရီးသည်ယာဉ် ကားနဲ့ ယာဉ်ငယ်များဖြတ်သန်းသွားလာ နိုင်အောင်  ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ ယာယီရေနိမ့်တံတားများ မှာ ချောင်းအတွင်းဆောက်လုပ်ထားတဲ့ တံတားအတိုများဖြစ်ခြင်း၊  မိုးရွာသွန်း လာပါက   ကျောက်ခြင်းများနဲ့   တည် ဆောက်ထားတဲ့   တံတားတိုင်များကို တိုက်စား     မျောပါသွားခြင်းကြောင့် ယာဉ်ငယ်များပင် သွားလာရန် အခက် အခဲရှိပြီး ပို့ကုန်သွင်းကုန်ယာဉ်များ သွားလာနိုင်ခြင်းမရှိသေးကြောင်း သိရ ပါတယ်။
တစ်ဖက်နိုင်ငံ နယ်စပ်ဖြစ်တဲ့ မိုးရေးမြို့တွင်လည်း သြဂုတ်လလယ် ခန့်မှစ၍ လူမျိုးစု သောင်းကျန်းသူ များဖြစ်တဲ့  ကူကီးအဖွဲ့နဲ့ကသည်း အဖွဲ့များ မိုးရေးမြို့အတွင်း တိုက်ပွဲ များဖြစ်ပေါ် ခဲ့ပြီး မော်တော်ယာဉ် များနဲ့ ဈေးဆိုင်များ အား မီးရှို့ဖျက်ဆီးခဲ့သဖြင့်  မိုးရေးမြို့မှ အင်ဖာမြို့သို့ ယာဉ်များ သွားလာနိုင်ခြင်းမရှိဘဲ ကားလမ်းများ ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်းသိရ ပါတယ်။မိမိဘက် လမ်းပန်းဆက်သွယ် ရေး ခက်ခဲပြီး တစ်ဖက်နိုင်ငံရဲ့နယ်မြေလုံခြုံရေး အခြေအနေများကြောင့် ကုန် သွယ်မှု ရပ်တန့်သွားသော်လည်း မိမိ ဘက်တွင် သိုလှောင်ထားတဲ့ ကွမ်းသီး များကို တစ်ဖက်နိုင်ငံမှ မိုးရေးမြို့တွင်း ထိ သယ်ဆောင်ပြီး ဝယ်ယူခြင်း၊မိုးရေး မြို့တွင်း ရောက်ရှိနေသည့် မော်တော် ဆိုင်ကယ်များကို ကလေးမြို့သို့ လူဖြင့် စီးနင်းပြီး သယ်ဆောင်တင်သွင်းနိုင်တဲ့ အတွက် သြဂုတ်လအတွင်းမှာ ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၀၈၈ သန်း သွင်းကုန် ကန်ဒေါ်လာ သုည ဒသမ ၄၃၁ သန်းနဲ့ ကုန်သွယ်မှုပမာဏ ကုန် သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၅၁၉ သန်းဆောင်ရွက်နိုင်ခဲ့ပါ တယ်။သြဂုတ်လအတွင်း ကုန်သွယ်မှု မှာ လျာထားချက်ရဲ့ ၁၅ ဒသမ ၀၈ ရာခိုင်နှုန်းဆောင်ရွက်နိုင်တယ်လို့ တမူး နယ်စပ်မှ သိရပါတယ်။
ခင်မိုးသူ