Main menu

Background

ထိုင်းနိုင်ငံထွက်ဆန်များ မိမိပြည်တွင်းသို့ တရားမဝင် ဝင်ရောက်မှု မရှိစေရေး Mobile Team များက တားဆီး

Fri, 10/30/2015 - 16:17 -- journal_editor

         တစ်ဖက်ထိုင်းနိုင်ငံမှ ပြည်တွင်းသို့ဆန်များ တရားမဝင် ဝင်ရောက်နေသည့်အတွက် သိမ်းဆည်းလျက်ရှိကြောင်း၊ သယ်ယူသောဆန်အိတ်များမှာ အမှတ်တံဆိပ်၊ အမှတ်အသား မပါရှိသော ပီနံအိတ်များဖြင့် လဲလှယ်ထုပ်ပိုး ၍ သယ်ဆောင်နေသည်ဟု ကြားသိရ ကြောင်း၊ ဈေးနှုန်းသက်သာ၍ စားသုံးသူများက ဝယ်ယူစားသုံးခြင်းမှာ နယ်စပ်မြို့များအနေဖြင့် ပြဿနာမရှိ ကြောင်း၊ ဥပမာ- မယ်ဆိုင်မှ ဆန်ကို တာချီလိတ်ဒေသမှ ပြည်သူများ ဝယ်ယူစားသုံးြ ခင်းမှာ ပြဿနာမရှိသော်လည်း တောင်ကြီးသို့ ရောက်ရှိမလာရန်လိုအပ်ကြောင်း၊ မိုဘိုင်းအဖွဲ့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို တားဆီး၍ တရားဝင်ကုန်သွယ်မှုလမ်းကြောင်းမှန် ပေါ်ရောက်ရှိရေး၊ စားသုံးသူ အကာအကွယ်ေ ပးရေးအတွက် တစ်ဖက်နိုင်ငံမှ ကျန်းမာရေး ထောက်ခံချက်မပါရှိသော စားသောက်ကုန်ပစ္စည်းများကို တားဆီးဖျက်ဆီးဆောင်ရွက်သကဲ့သို့ မိမိနိုင်ငံတွင်းရှိ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားထု အကျိုးစီးပွား ကိုလည်း ကာကွယ်ပေးရမှာဖြစ်ကြောင်း၊ လတ်တလောတွင် တစ်ဖက်ထိုင်းနိုင်ငံမှ ဆန်များဖြတ်သန်း သယ်ဆောင်မှုမရှိစေရေး အလေးအနက်ထား စစ်ဆေးဆောင်ရွက်ရန် တစ်အိတ်ချင်းပိုက်ထိုးစစ်ဆေးရန် အထက်ဌာနမှ ညွှ န်ကြားထားကြောင်း သတင်းရရှိပါသည်။
       မြဝတီ-ရန်ကုန် ကုန်သွယ်မှုလမ်းကြောင်းပေါ်ရှိ လှုပ်ရှား-၂(ညောင်ခါးရှည်) Mobile Team မှ အောက်တိုဘာလ ၉ ရက်နေ့တွင် ထိုင်းဆန်ဟုယူဆရပြီး အမှတ်တံဆိပ်မပါရှိသော ပီနံအိတ်ခွံများဖြင့် ထည့်သွင်းထုပ်ပိုးထားေ သာ ၅၀ ကီလိုဝင်အိတ် ဆန် ၃၄၀ အိတ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ၂၁၀ အိတ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် ၇၁ အိတ်၊ စုစု ပေါင်း ၆၃၁ အိတ်အား ဒေသထွက်ကုန်များနှင့် ရောနှော၍ ကုန်တင်ယာဉ်များဖြင့် တ င်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိရာ ထိုင်းနိုင်ငံမှ ထွက်ရှိသော ဆန်ဟုတ်/မဟုတ် အတည်ပြုနိုင်ရန်အတွက် ယာယီ တားဆီးထားပြီး ဆန်နမူနာများအား မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များ အသင်းသို့ ပေးပို့ခြင်း၊ ကုန်သွယ် မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ သီးနှံဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းတို့ ဆောင်ရွက်ထားရှိကြောင်းနှင့် ထိုင်းနိုင်ငံထွက် ဆန်များဖြစ်ပါက တရားမဝင် အကောက်ခွန်မဲ့တင်သွင်းလာခြင်းအတွက် အကောက်ခွန်လုပ် ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန်အမှုတွဲ ဖွင့်လှစ်သိမ်းဆည်းအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

 

MIRT