Main menu

Background

တရားမဝင် သယ်ဆောင်ရန် စုပုံထားတဲ့ ကျွန်းခုံတန်းရှည်များကို တာချီလိတ်လှုပ်ရှားနဲ့ သစ်တောဦးစီးပူးပေါင်းအဖွဲ့ မှ စစ်ဆေးတွေ့ရှိ

Fri, 11/06/2015 - 18:44 -- journal_editor

တာချီလိတ်-မိုင်းဆတ်လမ်းကြောင်းပေါ်ရှိ လွယ်တော်ခမ်းနဲ့ ဝှေ့ရဲ လှုပ်ရှားအဖွဲ့များ လုပ်ငန်းခေတ္တ ရပ်ဆိုင်းထားစဉ်  အကောက်ခွန်မဲ့ပစ္စည်း များ မိုင်းဆတ်ဘက်သို့ တရားမဝင်သယ်ဆောင်မှုများရှိနေကြောင်း မြေပြင် သတင်းအရ တာချီလိတ်လှုပ်ရှားအဖွဲ့နဲ့ တာချီလိတ်သစ်တောဦးစီးဌာနပူး ပေါင်းအဖွဲ့သည် အောက်တိုဘာလ ၁၂ ရက် ၀၉၃၀ ချိန်တွင် တာချီလိတ်မိုင်းဆတ်လမ်းကြောင်းအား ဝင်ရောက်စစ်ဆေးရာ တာချီလိတ်မှ သုံးမိုင် အကွာ ဟွေ့ရဲလွယ်တော် ခမ်းလမ်းဆုံတွင် တရားမဝင်သယ်ဆောင်ရန် စုပုံ ထားတဲ့ ကျွန်းခုံတန်းရှည် နှစ်လုံးအားပိုင်ရှင်မဲ့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စစ်ဆေးတွေ့ရှိ ကျွန်းခုံတန်းရှည် နှစ်လုံးရဲ့ ခန့်မှန်းတန်ဖိုးမှာ ကျပ် ၇ သိန်း ခန့်ဖြစ်ပြီး အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ကာ တာချီလိတ်သစ်တော ဦးစီး ဌာနသို့ လွှဲပြောင်းအပ်နှံပြီးဖြစ်ပါတယ်။                           

MIRT