Main menu

Background

မြန်မာ-ကိုရီးယားဖက်စပ်ကုမ္ပဏီကပြည်တွင်းကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများကို ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလမှစတင် ဆောင်ရွက်သွားမည်

Fri, 11/13/2015 - 16:55 -- journal_editor

မြန်မာကုန်စည်ပို့ဆောင်ရေး ဈေးကွက်မှာ ရထားပို့ဆောင်ရေးဝန်ကြီး ဌာနနဲ့ စင်ကာပူသမ္မတနိုင်ငံ CJ Korea Express Asia Pte Ltd တို့ အကျိုးတူ ပူးပေါင်းထားသော ဖက်စပ်ကုမ္ပဏီဖြစ်တဲ့  CJ Korea Express RT Myanmar Co., Ltd  မှ ကုန်တင်ယာဉ်အစီး ၆၀ ခန့်နဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ စတင်ဆောင်ရွက် တော့မယ်လို့သိရပါတယ်။ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကို အင်းစိန်မြို့နယ် ကုန်စည် ပို့ဆောင် ရေးဌာနခွဲ (ရန်ကုန်)မှာ အခြေပြုပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ခြင်းလုပ် ငန်း၊ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းနဲ့ ကုန်ပစ္စည်း သိုလှောင်ရုံလုပ်ငန်းများကိုဆောင်ရွက်ပေး သွားမှာဖြစ်ပါ တယ် ။ ပြည်ပမှ တင်သွင်းလာတဲ့ကုန်စည်များ၊ ပြည်ပသို့ တင်ပို့တဲ့ ကုန်ပစ္စည်းများကို ဝန်ဆောင် မှုပေးသွားမှာဖြစ်ပါတယ်။မြန်မာ့ကုန်စည်ပို့ဆောင်ရေးဈေး ကွက်အတွင်း စားသုံးသူတွေထံ ရောက်ချိန်မှာ ဝန်ဆောင်မှု စရိတ်ကြီးြ မင့် နေ တာကြောင့် ကုန်ဈေးနှုန်းလျှော့ ချ ဝန်ဆောင်မှုပေးချင်တဲ့ရည်ရွယ်ချက်နဲ့ဆောင်ရွက်ခဲ့ တာဖြစ်ပြီး ကိုရီးယားနိုင်ငံရဲ့ကုန်စည်ပို့ဆောင်ရေးနည်းပညာနဲ့စီမံခန့်ခွဲမှုတွေအတိုင်း စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ကုန်းလမ်း ပို့ဆောင်ရေးမှ ဦးဆောင် ညွှန်ကြားရေးမှူး က နိုဝင်ဘာလ ၅ ရက်နေ့က Novotel Hotel Max မှာ ကျင်းပပြုလုပ်တဲ့ လုပ်ငန်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ဈေးကွက် အတွင်း ထောက်ပံ့ပို့ဆောင်ရေး လိုအပ်ချက်များ အလိုက် ဥပဒေများ၊ ဌာနဆိုင်ရာများရဲ့ စည်းမျဉ်းစည်းကမ်းခွင့်ပြုချက်များနဲ့အညီ ကုန်းတွင်းကုန်စည်သယ်ယူပို့ဆောင်မှု၊ ပြည်တွင်း/ပင်လယ်ရေကြောင်းနဲ့  ကုန်တင်ယာဉ်ဝန်ဆောင်မှုများကို လုပ်ဆောင်ပေးသွားမယ်လို့သိရပါ
တယ်။                                                                                        
MIRT