Main menu

Background

မြဝတီနဲ့ မူဆယ်မှ ကြက်သွန်နီ တင်ပို့

Thu, 02/18/2016 - 09:43 -- journal_editor

           မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ဖေဖော်ဝါရီလ ပထမ ပတ်တွင် ကန်ဒေါ်လာ ၂၀၂၉၉၆ တန်ဖိုးရှိ ကြက်သွန်နီ ၂၇၄ တန်ခွဲ တင်ပို့ခဲ့ပါ တယ်။ ယခင်တစ်ပတ်က တန် ၂၂၀ သာတင်ပို့ခဲ့လို့ ယခုတစ်ပတ် ကြ က်သွန်နီ တင် ပို့မှု ၅၄ တန်ခွဲ  ပိုမိုလာတာတွေ့ရပါတယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကတော့ ကန်ဒေါ်လာ ၁၃၆၁၂ တန်ဖိုးရှိ ကြက်သွန်နီ ၄၉ တန် ခွဲ တင်ပို့ခဲ့ပါတယ်။ အမြင့်ဆုံးဈေးသို့ရောက်ရှိ ခဲ့တဲ့ ပြည်တွင်းကြက်သွန်နီဈေးကြောင့် နှစ်စဉ်စိုက်ပျိုးခဲ့တဲ့ တောင်သူဦးရေထက် ယခုနှစ်ကြက်သွန်စိုက်တောင်သူဦးရေ ပိုများနေတယ်လို့ သိရပါတယ်။

 

မော်မော်အောင်