Main menu

Background

ကော့သောင်းကုန်သွယ်ရေးစခန်းက ယမန်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်

Thu, 02/18/2016 - 09:50 -- journal_editor

         မြန်မာ-ထိုင်းနယ်စပ်ရှိ ကော့သောင်းကုန်သွယ်ရေးစခန်းက ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း ပို့ကုန် ကန်ဒေါ်လာ ၄ ဒသမ ၄၀၄ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၈ ဒသမ ၄၅၃ သန်းဆောင်ရွက်နိုင်သဖြင့် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၁၂ ဒသမ ၈၅၇ သန်း ရရှိခဲ့ပါတယ်။ ယမန်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ပို့ကုန် ပိုင်းတွင် ကန်ဒေါ်လာ ၁ ဒသမ ၀၇၃ သန်း၊သွင်းကုန်ပိုင်းတွင် ကန်ဒေါ်လာ ၂ ဒသမ ၇၆၆ သန်းပိုမိုသဖြင့် ကုန်သွယ်မှု ပမာဏ ကန်ေ ဒါ်လာ ၃ ဒသမ ၈၃၉ သန်းပိုမိုခဲ့ပါတယ်။ အနီးစပ်ဆုံးကာလထက်တော့ ပို့ကုန်ရော သွင်းကုန်ပါ လျော့နည်းခဲ့တယ်လို့ သိရှိရပါတယ်။ ယမန်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏပိုမိုရခြင်းမှာ ပို့ကုန် ပိုင်းတွင် ရေထွက်ကုန် ပိုမိုတင် ပို့နိုင်၍ ဖြစ်ပြီး သွင်းကုန်ပိုမိုရခြင်းမှာ ရင်းနှီးမြှုပ်နှံမှု ပစ္စည်းနဲ့ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ ပိုမိုတင်သွင်းနိုင်၍ ဖြစ်ပါတယ်။
         ကော့သောင်းကုန်သွယ်ရေးစခန်းရဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလအတွင်း အများဆုံးပို့ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ၊ ကင်းမွန်၊ အခြားရေထွက်ပစ္စည်းများ၊ ပုစွန်၊ ကဏန်း၊ ပင်လယ်ငါးရှဉ့်၊ ရော်ဘာဖြတ်စ၊ ဆီအုန်းကြိတ်ဖတ်၊ အုန်းသီးနဲ့ ရေဘဝဲ တို့ဖြစ်ပြီး အများဆုံးသွင်းကုန်ပစ္စည်းများမှာ ဘိလပ်မြေ၊ အားဖြည့်အချိုရည်၊ သကြား၊  ပုလင်းလွတ်၊ ဆာလ်ဖာ၊ ဒီဇယ်ဆီ၊ ဓာတ်မြေသြဇာ၊ ငါးဖမ်းပိုက်တို့ဖြစ်ပါတယ်။

 

ခင်မြနွယ်