Main menu

Background

ကုန်သွယ်ရေးစခန်းများမှ ရော်ဘာတင်ပို့မှု လျော့ကျ

Thu, 02/18/2016 - 09:53 -- journal_editor

         မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ်တဲ့ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၆၅ သန်းတန်ဖိုး ရော်ဘာ ၃၇၃ တန် ခန့်တင်ပို့ခဲ့ပါတယ်။ မူဆယ်(၁၀၅)မိုင်မှ RSS-3 တန် ၂၀၀၊ MSR- 20 ၁၀၇ တန်နဲ့ ချင်းရွှေဟော်စခန်းမှ RSS-၃၆၆ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်တင်ပို့မှုထက် ၁၉၂ တန် လျော့နည်းခဲ့ပါတယ်။  ရော်ဘာတင်ပို့မှု လျော့ကျ သလို ရော်ဘာဈေးလည်း အနည်းငယ်ကျပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ယခင်တစ်ပတ်က ရော်ဘာတစ်တန်ကို ၁၃၆၈၄၀၆ ကျပ်ရှိပြီး ယခုတစ်ပတ်မှာ ၁၃၂၄၀၉၅ ကျပ်သာရရှိပါတယ်။    

 

ယဉ်ယဉ်အေး