Main menu

Background

မှတ်ပုံတင်လက်မှတ်မရှိသော မြေသြဇာများစာရင်း မြေသြဇာကော်မတီမှ အသိပေးကြေညာချက်ထုတ်ပြန်

Thu, 02/18/2016 - 09:57 -- journal_editor

           ဟာမိုနီပဲမျိုးစုံအထူးရွက်ဖျန်းဆေးA ၊ B(NPK:30%)၊ ရှင်းသန့်အမိုင်နို အသီးအပွင့်အားဆေးရည် (စံချိန်စံညွှန်း မပါရှိ) ကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင်လည်းကောင်း၊ ဒို့လယ်သမား(၂) ရွက်ဖျန်းအားဆေးရည် (စံချိန်စံညွှန်း မပါရှိ) ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့တွင်လည်းကောင်း၊  Enriched Compost Fertilizer, Shwe Myay Si Organic Fertilizer Factory Taungoo(25)kgm(N:9%, P:3,K:2%+TE ကို ရန်ကုန်တိုင်းေ ဒသကြီးကော့မှူးမြို့နယ်တွင်လည်းကောင်း၊ Foliar Fertilizer (ယိုးဒယားစာ) aos-3 (စံချိန်စံညွှန်းမပါရှိ)ကို မွန်ပြည်နယ်ကျိုက်မရောမြို့နယ်တွင် လည်းကောင်း တွေ့ရှိရသော မြေသြဇာများသည် မြေသြဇာကော်မတီတွင် မှတ်ပုံ တင်ထားခြင်းမရှိသဖြင့် အရည်အသွေးနှင့်စံချိန် စံညွှန်းပြည့်မီမှု အာမခံချက်မရှိကြောင်း မြေသြဇာကော်မတီက အသိပေးထားပါတယ်။
           မြေသြဇာကော်မတီသည် အရည်အသွေးပြည့်ဝပြီး စံချိန်စံညွှန်းပြည့်မီသော မြေသြဇာများကို စိုက်ပျိုးရေးလုပ်ကိုင်သူများ သုံးစွဲနိုင်ရန် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ စနစ်တကျပြုလုပ်ပြီး မြေသြဇာမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးလျက်ရှိပါတယ်။ ဈေးကွက်အတွင်း မြေသြဇာမှတ်ပုံတင်လက်မှတ်မရှိတဲ့ မြေသြဇာများရောင်းဝယ်ခြင်းများ၊ မြေသြဇာများ ဖြန့် ဖြူးရောင်းချခွင့်လိုင်စင်မရှိဘဲ ဖြန့်ဖြူးရောင်းချမှုများရှိနေကြောင်း သိရှိရတဲ့အတွက် စစ်ဆေးချ က်အရ အထက်ဖော်ပြပါ မြေသြဇာများကို ဖော်ထုတ်အသိပေးလိုက်တာ ဖြစ်ပါတယ်။ အဆိုပါမြေသြဇာများကို ဝယ်ယူသုံးစွဲမိသူများမှာ သီးနှံအထွက်နှုန်းများ ထိခိုက်လျော့နည်းပြီး သုံးစွဲသူများအတွက် စီးပွားရေးတွက်ခြေမကိုက် ဘဲ ဆုံးရှုံးနစ်နာမှုများဖြစ်နိုင်သဖြင့် မြေသြဇာကော်မတီတွင် မှတ်ပုံတင်ထားသော မြေသြဇာများကို ဝယ်ယူသုံးစွဲရန် မြေသြဇာကော်မတီက တိုက်တွန်းထားပါတယ်။ မြေသြဇာကော်မတီတွင် မှတ်ပုံတင်ထားခြင်းမရှိတဲ့ မြေသြဇာ များ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူး ရောင်း ချခြင်းများကို  မြေသြဇာထုတ်လုပ်တင်သွင်းတဲ့ ကုမ္ပဏီ၊ လုပ်ငန်းများ မြေသြဇာရောင်းချတဲ့ ဆိုင်များအနေနဲ့ လုံးဝမပြုလုပ်ကြရန်နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက မြေသြဇာ ဥ ပဒေပုဒ်မ  (၃၁၊ ၃၂၊၃၃၊၃၄၊၃၅)တို့အရ အရေးယူမည်ဖြစ်ကြောင်း လည်း မြေသြဇာကော်မတီက အသိပေးကြေညာထားကြောင်း သတင်းရရှိပါတယ်။

 

MIRT