Main menu

Background

မွန်ပြည်နယ် ရာမညကုန်သွယ်မှု ဗဟိုဌာန ဖွင့်လှစ်

Tue, 04/05/2016 - 12:01 -- journal_editor

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ကုန်သွယ်မှုမြှင့် တင်ရေးနှင့်စားသုံးသူရေးရာဦးစီး ဌာနသည် စီးပွားရေးနှင့်ကုန်သွယ်မှု သတင်းအချက်အလက်များ  ဖြန့်ဝေပေးရန်နှင့် ကုန်သွယ်မှုမြှင့်တင်ရေး ဝန်ေ ဆာင်မှုပေးရန် ဦးတည်ချက်ထား၍ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကုန်သွယ်မှုဗဟိုဌာနများ  ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ရန်ကုန်မြို့တွင် မြန်မာကုန်သွယ်မှု  ဗဟိုဌာနကိုလည်းကောင်း၊ မန္တလေးမြို့တွင် ရတနာပုံ ကုန်သွယ် မှု ဗဟိုဌာနကိုလည်းကောင်း၊ မြစ်ကြီးနားမြို့တွင် မနောမြေကုန်သွယ်မှုဗဟိုဌာကိုလည်းကောင်း၊  မုံရွာမြို့တွင် ဇေယျာကုန်သွယ်မှုဗဟိုဌာန ကိုလည်းကောင်း၊ ပုသိမ်မြို့တွင် ဧရာကုန်သွယ်မှုဗဟိုဌာနကို လည်းကောင်း၊ မကွေးမြို့ တွင်  ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာနကိုလည်းကောင်း   အသီးသီး ဖွင့်လှစ်ခဲ့ပြီး ယခုရာမည ကုန်သွယ်မှုဗဟိုဌာနကို  မွန်ပြည်နယ်  မော်လမြိုင် မြို့၊  အမှတ် (၄) ကမ်းနားလမ်း၊  ရွှေတောင်ရပ်၌ မတ် ၂၆ ရက်တွင်ဖွင့် လှစ်ခဲ့ပါ တယ်။
         အဆိုပါဖွင့်လှစ်ပွဲသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်စီးပွား ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊  ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူး  ဦးဝင်းသန်း၊ မွန်ပြ ည်နယ် ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ  ဦးလှရှိန်နှင့် အမှုဆောင်များ၊ အသင်းအဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ  စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြပါတယ်။ ရှေး ဦးစွာ  မွန်ပြည်နယ် ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးသန်းအေးက ''ရာမညကုန်သွယ်မှုဗဟိုဌာန''ဖွင့်လှစ်ရခြင်း  ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြားပြီး ပြည် နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးနှင့် ပြည်နယ်ဦးစီးမှူး ဦးစိုးသန်းအေးတို့က  ရာမညကုန်သွယ်မှုဗဟိုဌာနအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။  ထို့နောက် ဝန်ကြီးနှင့် ဧည့်သည်တော်များ '' ရာမည ကုန် သွယ်မှု ဗဟိုဌာန''အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး နံနက်စာလက်ဖက်ရည်နှင့် မုန့်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါတယ်။ ယခုဖွင့်လှစ်ခဲ့သော ''ရာမညကုန်သွယ်မှုဗဟိုဌာန''တွင် မွန်ပြည်နယ်၏  ဒေသထွက်ကု န်များဖြစ်သော ဆန်၊ စပါး၊ ပဲမျိုးစုံ၊ သစ်သီးဝလံ၊ ရော်ဘာ၊ ဆေးတံ၊ တုတ်ကောက်၊ ရိုးရာအသုံးအဆောင်၊ အဝတ်အထည်များ၊ လမ်းခင်း ကျောက်ပြားများ၊ ယိုစုံများ၊ ငါးခြောက်များ၊  ဟင်းခတ်မဆလာ များ၊ ရော်ဘာသား ဆက်တီ များ ခင်းကျင်း ပြသထားကြောင်း သတင်းရရှိပါ တယ်။

 

အောင်လွင် - မော်လမြိုင်