Main menu

Background

မူဆယ်ကုန်သွယ်ရေးဇုန်မှ သီဟိုဠ်စေ့ တန် ၂၀ ကျော်တင်ပို့

Wed, 04/06/2016 - 15:02 -- journal_editor

         မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်ကုန်သွယ်ရေးဇုန်မှ  မတ် ၁၉ ရက်မှ  ၂၅ ရက်တာကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်းတန်ဖိုးရှိ  သီဟိုဠ်စေ့ ၂၅ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နဲ့ နှိုင်းယှဉ် ပါက နှစ်တန်နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မတ် ၁ ရက်မှ ၂၅ ရက်အတွင်းမှာတော့ ကန်ဒေါ်လာ သုည ဒသမ ၅၃၈ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၈၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်နဲ့ ေ ကာ့သောင်းကုန်သွယ်ရေးစခန်းကတော့ မတ် ၁ ရက်မှ ၂၅ ရက်အတွင်းမှာ သီဟိုဠ်စေ့ တင်ပို့နိုင်ခြင်းမရှိဘူးလို့ သိရှိရပါတယ်။

 

ခင်မြနွယ်