Main menu

Background

တရုတ်နယ်စပ်နဲ့ ထိုင်းနယ်စပ်မှတစ်ဆင့် နှမ်းတင်ပို့

Tue, 05/03/2016 - 12:45 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ ဧပြီ ၁ ရက်မှ ၂၀ ရက်တာကာလအတွင်း နှမ်းနက် ၃၆၂ တန်နဲ့ နှမ်းဖြူ ၁၁၇၂ တန်ကို ကန်ဒေါ်လာ ၁ ဒသမ ၈၄၂ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ အလားတူ မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၉၈၅၀ တန်ဖိုးရှိ နှမ်းနက် တန် ၅၀ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မူဆယ်မှာ နှမ်းတင်ပို့မှု မရှိတာ ကြာပြီဖြစ်ပေမယ့် မူဆယ်ကုန်စည်ဒိုင်မှာတော့ ဧပြီလဆန်း ကတည်း က နှမ်းဖြူတစ်တန် ၁၂၄၁၃၃၉ ကျပ်ဈေးနဲ့  နှမ်းနက် ၁၇၇၇၀၅၄ ကျပ်ဈေးမှ ပြောင်းလဲခြင်းမရှိခဲ့ပါဘူး။    

မော်မော်အောင်