Main menu

Background

တရုတ်ဆိုင်ကယ်များကိုမူဆယ်နယ်စပ်မှတစ်ဆင့်တရားဝင်သတ်မှတ်ထားသည့်ဈေးနှုန်းများအတိုင်းတင်သွင်းခွင့်ပြုပြီ

Wed, 06/08/2016 - 14:16 -- journal_editor

          မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေ ဖြင့် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် ဆိုင်ကယ်များကို တရားဝင်သတ်မှတ်ထား သည့် ဈေးနှုန်းများအတိုင်း တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မူဆယ် (၁၀၅) မိုင်ကုန်သွယ်ေ ရးဇုန်၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေ ဖြင့် ကုန်သွယ်မှုပမာဏ တိုးတက်စေရန်အတွက် လည်းကောင်း၊ တရားမဝင် ကုန်သွယ်မှုများလျော့ နည်းပပျောက်ပြီး တရားဝင် ကုန်သွယ်မှုလမ်းကြောင်း ပေါ်သို့ ရောက်ရှိစေရန်အတွက်လည်းကောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန် အတွက်လည်းကောင်း၊ တစ်ဖက်နိုင်ငံမှ ဆိုင်ကယ် ဝယ်ယူ ဈေးနှုန်းအမှန်ကို သိရှိစေရန် ရည်ရွ ယ်၍ မေ ၂၂ ရက်နေ့၌ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ကြီး များအသင်းဝင်များ၊  ဆိုင်ကယ်ထုတ်သွင်းရောင်း ချသူများ (Cluster) အဖွဲ့၊ ကုန်သွယ်ရေးဦးစီးဌာန နှင့်  အကောက်ခွန်ဦးစီးဌာန (OSS) မှ  အဖွဲ့ဝင် တစ်ဦးစီပါ၀ င်သော ဈေးကွက်ရှာဖွေရေး၊ ဈေးနှုန်း စိစစ်ညှိနှိုင်းထောက်ခံရေးဆိုင်ရာ  လုပ်ငန်းကော် မတီအဖွဲ့တို့ ဖြင့်  တစ်ဖက်နိုင်ငံ ကျယ်ဂေါင်ဘက်၌ ဆိုင်ကယ်ဈေးကွက်တွင်  လက်ရှိဖြစ်ပေါ်နေသော မြေပြင်တွင် အမှန်ရောင်းချဈေးနှုန်း များကို စုံစမ်း ဖော်ထုတ်ခဲ့ပါသည်။
          ထိုသို့ ဆိုင်ကယ်ဈေးကွက်မှရရှိသော မြေပြင် ဈေးနှုန်းများကိုအခြေခံ၍ မူဆယ် (၁၀၅) မိုင်ကုန် သွယ်ရေးဇုန်၏ မေ ၂၇ ရက်နေ့  ဈေးနှုန်းညှိနှိုင်း အစည်းအဝေးတွင် ဈေးနှုန်းစိစစ်ရေးအဖွဲ့၊ ဆိုင်ကယ်ထုတ်သွင်းရောင်းချ သူများ (Cluster) အဖွဲ့၊ ဆိုင်ကယ်တင်သွင်းသည့် လုပ်ငန်းရှင်များတို့ကိုပါ ဖိတ်ကြား၍ ဈေးကွက်တွင်ဖြစ်ပေါ်နေသည့် ဈေးနှုန်းများအရ တစ်ဖက်နိုင်ငံမှ တင်သွင်းမှုလွယ်ကူစေရန် နှင့် မှန်ကန်မှုရှိစေရန် ဆိုင်ကယ်အမျိုးအစား စု စုေ ပါင်း ၈၄ မျိုးအားဈေးနှုန်းညှိနှိုင်းသတ်မှတ်ခဲ့ပါ သည်။
                ဤကဲ့သို့    ဆိုင်ကယ်အမျိုးအစားအလိုက် ဈေးနှုန်းသတ်မှတ်လိုက်သည့်အတွက် ဆိုင်ကယ် တင်သွင်းသူများ တင်သွင်းသည့် ဈေးနှုန်းများပိုမို၍ ပွင့်လင်းမြင်သာမှုရှိလာပြီး လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲမရှိ ဘဲ အလွယ်တကူ ဆောင် ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ လုပ်ငန်းရှင်တစ်ဦးက အမေရိကန်ဒေါ်လာ ၂၄၀ တန်ဖိုးရှိ သည့် ဆိုင်ကယ်တစ်စီးတင်သွင်းလျှင် နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်နှုန်းထားမှာ ၃၄၇၉၃ ကျပ်ခန့်ဖြစ်ကြောင်း သိရသည်။ ၂၀၁၆ ခုနှစ်  Model  တရုတ်နိုင်ငံထုတ် ဆိုင်ကယ်အမျိုး အစား ၈၄ မျိုးအတွက် သတ်မှတ်ခဲ့သည့် ဈေးနှုန်း စာရင်းများအား Commerce Facebook pageတွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။

 

မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်