Main menu

Background

ရှမ်းပြည်နယ် တောင်ကြီးမြို့ မှာစားသောက်ကုန်၊ လူသုံးကုန်နဲ့အလှကုန်များ ဓာတ်ခွဲစမ်းသပ်နိုင်ပြီ

Tue, 06/14/2016 - 14:45 -- journal_editor

          ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ စားသောက်ကုန်၊ လူ သုံးကုန်နှင့် အလှကုန်စ္စည်းများကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင် ပြီဖြစ်ကြောင်း  အသေးစား  စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ  တာဝန်ရှိသူ တစ်ဦးရဲ့  ပြောပြချက် အရ သိရပါတယ်။
         အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သုတေသန နှင့် ဖွံ့ဖြိုးရေးဌာနခွဲတွင် လုပ်ငန်းမှတ်ပုံတင်ရာ၌ မဖြစ်မနေ စမ်းသပ်ဆောင်ရွက်  ပေးလျက်ရှိသော ကုန်ပစ္စည်များမှာ-  ဖျော်ရည်၊ ယိုစုံ၊ ဂျယ်လီ၊ စားဆီနဲ့ ဆီထွက် စားသောက်ကုန်များ၊ (အာလူးကြော်၊  အသားခြောက်ကြော်)၊  လက်ဖက်၊ ငါးပိ၊ နို့နဲ့နို့ထွက်ပစ္စည်းများ၊ ရေသန့်၊  အလှကုန်နဲ့  လူသုံးကုန် များ ဖြစ်ကြောင်းသိရပါတယ်။ စမ်းသပ်စစ်ဆေးရာမှာ ဓာတုဗေဒပစ္စည်းနဲ့ ဓာတ်ခွဲခန်းအ တွက် ကုန်ကျစရိတ်ကို  ပေးသွင်းရမှာဖြစ်ပြီး စစ်ဆေး သည့်  ကုန်ပစ္စည်းအလိုက်  အနည်းဆုံး  ၂၅၀၀၀(ကျပ်နှစ် သောင်းငါးထောင်)မှ   အများဆုံး၄၅၀၀၀(ကျပ်လေးသောင်း ငါးထောင်)ခန့် ဖြစ်ပြီး  ပညာရှင်ကြေးနဲ့  စမ်းသပ်ခ မှာ အခမဲ့ ဖြစ်ကြောင်းသိရှိရပါတယ်။  အသေးစိတ်သိရှိလိုပါက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ရှမ်းပြည်နယ်ဦးစီးမှူးရုံး၊ ဖုန်း၀၈၁-၂၀၆၈၂၉၊ ၀၉၄၂၀၇၃၀၁၃၀ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်းသိရပါတယ်။

 

မင်းအောင်(တောင်ကြီး)