Main menu

Background

မူဆယ်ကုန်သွယ်ရေးဇုန်မှ ဆီးသီးခြောက် တန် ၁၀၀၀ ကျော်ပိုမိုတင်ပို့

Tue, 06/14/2016 - 14:52 -- journal_editor

     မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ မေ ၂၈ ရက်မှ ဇွန် ၃ ရက်အထိ ကာလအတွင်း   ကန်ဒေါ်လာ သုည ဒသမ ၁၈၈ သန်း တန်ဖိုးရှိ ဆီးသီးခြောက်  ၁၁၃၀ တန် ကျော်နဲ့  ဆီးဆန် ၁၇ တန်ေ ကျာ်တင်ပို့ခဲ့ပါတယ်။   ယခင် သီတင်းပတ်က ဆီးသီးခြောက် တင်ပို့နိုင်ခြင်းမရှိသည့် အတွက်  ယခု သီတင်းပတ်မှာတော့ ဆီးသီးခြောက်  တန် ၁၀၀၀ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
     ယခင်  သီတင်းပတ်က  မူဆယ် (၁၀၅) မိုင်  ကုန်သွယ်ရေးဇုန်မှ ဆီးဆန် ၄၇ တန်သာတင်ပို့ခဲ့တာမို့ ယခုသီတင်း ပတ်မှာတော့  ဆီးဆန် ၂၉ တန်ကျော် လျော့နည်းတင်ပို့ခဲ့တာတွေ့ရပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ ကုန်သွယ်ရေးစခန်းကတော့ ယခုသီတင်းပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုး ရှိဆီးသီး ခြောက်၁၂တန်နဲ့  ဆီးဖတ်  ၁၉ တန် တင်ပို့ ခဲ့ပါတယ်။ စစ်တွေ ကုန်သွယ်ရေးစခန်းမှ ယခင်သီတင်းပတ်က  ဆီး သီးခြောက် ၂၃ တန် တင်ပို့ခဲ့တာမို့  ယခုသီတင်း ပတ်မှာတော့  ဆီးသီးခြောက်  ၁၁ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။

 

တင်တင်ထွန်း