Main menu

Background

တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အနီးစပ်ဆုံးကာလထက်ရော ယမန်နှစ်ကာလတူထက်ပါ ပို့ကုန်ပိုမို

Tue, 06/14/2016 - 15:06 -- journal_editor

         မြန်မာ- ထိုင်းနယ်စပ်ရှိ  တာချီ လိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၆ ခုနှစ် မေအတွင်း ပို့ကုန်ဆောင်ရွက်နိုင်မှု မှာ  ကန်ဒေါ်လာ  ၁  ဒသမ ၆၆၀ သန်း ဖြစ်ပြီး အနီးစပ်ဆုံး ကာလထက်  ကန် ဒေါ်လာ ၁ ဒသမ ၁၇၈ သန်း၊  ယ မန်နှစ် ကာလတူထက် ကန်ဒေါ်လာ သုည ဒသမ ၁၂၃ သန်း ပိုမိုဆောင်ရွက်နိုင် ခဲ့ပါတယ်။
         အနီးစပ်ဆုံးကာလထက်  ပို့ကုန် ပိုမိုရခြင်းမှာ လုပ်ငန်းသုံး ကုန်ကြမ်း ပစ္စည်းများ   ပိုမိုတင်ပို့နိုင်၍ဖြစ်ပြီး  ယမန်နှစ်ကာလတူထက် ပို့ကုန်ပိုမိုရ ခြင်းမှာ လယ်ယာထွက်ကုန်၊ သစ်တော ထွက်ကုန်နဲ့ အခြားတို့  ပိုမိုတင်ပို့နိုင် ၍ ဖြစ်ပါတယ်။ တာချီလိတ်  ကုန်သွယ်ရေးစခန်း ရဲ့ မေလအတွင်း  အများဆုံးတင်ပို့နိုင်တဲ့ ပစ္စည်းများမှာ ကြက်သွန်နီ၊ ဂန္ဓမာ ပန်းခြောက်၊  ရော်ဘာစိမ်း၊  လက်ဖက် ခြောက်၊  ကြက်သွန်ဖြူ၊  သစ်ခေါက်၊ သတ္တုနဲ့  သတ္တုရိုင်း များ၊ တံမြက်စည်း မွှေးနဲ့  အခြားပစ္စည်းများ ဖြစ်ပါတယ်။ ရော်ဘာစိမ်းနဲ့  ဂန္ဓမာပန်းခြောက်တို့မှာ တစ်ဖက်နိုင်ငံ ဝယ်လိုအားရှိသော်လည်း ယခင်က  ပစ္စည်းစုဆောင်းမရရှိသဖြင့် တင်ပို့နိုင်ခြင်းမရှိဘဲ ယခုလမှ စုဆောင်း ရရှိခဲ့သဖြင့် တင်ပို့နိုင်တာဖြစ်ပြီး သစ် ခေါက်တင်ပို့မှုမှာ  ဧပြီလက  သစ်တော ခွင့်ပြုချက်မရရှိ၍  တင်ပို့နိုင်ခြင်းမရှိဘဲ  ယခုလမှ ခွင့်ပြုချက်ရ၍  တင်ပို့နိုင်ခဲ့ ခြင်းဖြစ်ပါတယ်။

 

ခင်မြနွယ်