Main menu

Background

ကသာခရိုင်အတွင်း မျှစ်ပွဲရုံများ လုပ်ငန်းစတင်ချိန် မျှစ်ချိုးရောင်းသူများ မိသားစုဝင်ငွေရ

Wed, 06/22/2016 - 10:48 -- journal_editor

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း မြို့နယ် များမှာ ဇွန်မှစတင်ပြီး ဝါးမျှစ်များ ဈေးကွက်ထဲမှာ အရောင်း အဝယ်ရှိနေတာတွေ့ရပါတယ်။ ရာသီစာမျှစ်ပေါ်စ နယ်အဝယ် ဒိုင်များ အပြိုင်အဆိုင်ဝယ်ယူမှုရှိနေ လို့ ေ ဒသခံ မျှစ်ချိုးေ ရာင်း သူများ မိသားစုဝင်ငွေရနေတာ တွေ့ရပါတယ်။
        "သစ်တောဖုံးလွှမ်းမှု ၈၀ ရာခိုင်နှုန်းကျော် တည်ရှိတဲ့ ကသာခရိုင်မှာ သဘာဝကပေးတဲ့ သစ်တောထွက်ရာသီစာ ခူးဆွတ်ရောင်းချပြီး ဒေသခံတောင်သူများ တစ်ဖက်တစ်လမ်း က မိသားစုဝင်ငွေရကြပါတယ်။ မိုးဦးကာလ ဝါးမျှစ်များပေါ် ပြီဖြစ်လို့ နယ်စုံကလာတဲ့မျှစ်များကို ဝယ်ယူလျက် ရှိပါတယ်။ ပြုတ်ထားတဲ့မျှစ်တွေကို တစ်ပိဿာ ၅၀၀ ကျပ်နဲ့ဝယ်ပါတယ်။ တစ်ရက်ပျမ်းမျှ ပိဿာတစ်ထောင်ကျော်  အရောင်းအဝယ် ဖြစ်ပါတယ်။ မန္တလေး၊ ရွှေဘို၊ မုံရွာ မျှစ်ပွဲရုံ များကို တင်ပို့ခဲ့ပါ တယ်။ ယခင်နှစ်မျှစ်ရာသီအကုန်မှာ ပိဿာချိန်လေးသောင်း ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်ရရှိပြီး မျှစ်ပွဲရုံလုပ်ငန်းတည်ထောင် လုပ်ကိုင်နေပါ တယ် "လို့ ပွဲရုံပိုင်ရှင် ဦးခင်သက်က ဆိုပါတယ်။ မျှစ်ကို မြန်မာ့ဟင်းလျာအဖြစ် မျှစ်စို၊ မျှစ်ချဉ်၊ မျှစ် ခြောက်ပြုလုပ်ကာ စားသုံးကြပါတယ်။ လှောင်ကုန်အတွက် မျှစ်ချဉ်၊ မျှစ်ခြောက်ပြုလုပ်ပြီး နှစ်ပေါက်လှောင်ကြပါတယ်။ မျှစ်ရာသီလေးလအတွင်း နှစ်ေ ပါက်စာလှောင်နိုင်ဖို့  နယ် အဝယ်ဒိုင်တွေက အပြိုင်အဆိုင်  ဝယ်ယူနေကြလို့ မျှစ်ချိုး ရောင်းသူများအနေနဲ့ ဝင်ငွေရနေကြတယ်လို့ မျှစ်ဈေးကွက်မှ သိရပါတယ်။

 

ကြည်နိုင်ဦး-အင်းတော်