Main menu

Background

စစ်တွေကုန်သွယ်ရေးစခန်းတွင် မေလအတွင်း ကုန်သွယ်မှုလျော့ကျ

Tue, 06/28/2016 - 15:44 -- journal_editor

      မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေကုန်သွယ်ရေးစခန်းမှ  ၂၀၁၆ ခုနှစ်မေလအတွင်း  ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ  သုည ဒသမ ၀၆၇  သန်း ရှိပြီး အနီးစပ်ဆုံးကာလထက်  ကန် ဒေါ်လာ သုည ဒသမ ၃၉၈ သန်း၊ ယမန် နှစ်ကာလတူထက် ကန်ဒေါ်လာ သုည  ဒသမ ၂၅၅ သန်း လျော့နည်းဆောင် ရွက်နိုင်ခဲ့ပါတယ်။  အနီးစပ်ဆုံးကာလထက် ကုန်သွယ်မှုပမာဏ လျော့နည်း ရခြင်းမှာ  စစ်တွေမြို့မှာ  မေလအတွင်း  ဖြစ်ပေါ်ခဲ့တဲ့   ရွန်နုဆိုင် ကလုန်းမုန် တိုင်း တိုက်ခတ်မှုကြောင့် ပို့ကုန် သွင်း ကုန်လုပ်ငန်းများ  နှစ်ပတ်နီးပါးခန့်  ရပ်ဆိုင်းခဲ့ရခြင်း၊  ရေချိုငါးများ ရောင်းတန်းဝင်တဲ့ အရွယ်အစားမရလို့ မတင် ပို့နိုင်ခြင်း၊  ဒီဇယ်ဆီတင်ပို့တဲ့ ကုမ္ပဏီများမှ  ရာသီဥတုကြောင့် တင်ပို့မယ့် အချိန်အား  နောက်သို့  ရက်သတ္တနှစ် ပတ် ရွှေ့ဆိုင်းသွားခြင်းတို့ကြောင့်ဖြစ်တယ်လို့  စစ်တွေကုန်သွယ်ရေးစခန်းမှ သိရပါတယ်။
        စစ်တွေကုန်သွယ်ရေးစခန်းရဲ့ မေလအတွင်း တင်ပို့ခဲ့တဲ့  အများဆုံးပို့ ကုန်အမယ်များကတော့  ဆီးယိုထုပ်၊ သစ်ခေါက်၊  မန်ကျည်းစေ့၊  ငါးနီတူ ခြောက်၊ ဆီးသီးခြောက်၊  ဆီးဖတ်၊ ကွမ်းသီး၊ မြေပဲ၊ တံမြက်စည်း  တို့ဖြစ်ပြီး အများဆုံး သွင်းကုန်အမယ်များကတော့  လူသားဆံပင်၊ တီရှပ်၊ ပလတ်စတစ် ရေတိုင်ကီတို့ပဲဖြစ်ပါတယ်။  

 

ခင်မိုးသူ