Main menu

Background

Re-export စနစ်ဖြင့် ကုန်ပစ္စည်းအမယ် ၁၄ မျိုးအား ထပ်မံခွင့်ပြု

Tue, 06/28/2016 - 15:55 -- journal_editor

         Export စနစ်ဖြင့် ကုန်သွယ်မှုပြုရာတွင် ယခင်ကခွင့်ပြုခဲ့သည့်ကုန်ပစ္စည်း အမယ်များအပြင် နောက်ထပ်ကုန်ပစ္စည်းအမယ် ၁၄ မျိုးကိုပါ Re-export စနစ်ဖြင့် ကုန်သွယ်မှုပြုနိုင်ရန်ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ Re-export  စနစ်ဖြင့် ထပ်မံခွင့်ပြုပေးလိုက်သည့် ကုန်ပစ္စည်းအမယ်များမှာ ကားတာယာ၊ နှမ်း(နှမ်းဖြူ၊နမ်းနက်) ငရုတ်သီးခြောက်၊ မြေပဲ၊ ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီးအစို၊ လျှပ်စစ် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ အချို ရည်အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ၊ အဝတ်အထည်၊ စားသုံးဆီနှင့် ကြက်သွန်ဖြူတို့ဖြစ်ကြောင်း သိရသည်။
         ကားတာယာများကို တင်သွင်းရာတွင် ပင်လယ်ရေကြောင်းမှ တင်သွင်း၍ မူဆယ်နယ်စပ်မှတစ်ဆင့် Re-export  စနစ်ဖြင့် ပြန်လည်တင်ပို့ ခွင့်ပြုရန်အတွက် ပြည်တွင်းရော်ဘာမထွက်ရှိမီ စမ်းသပ်ကာလ သုံးလ ခွင့်ပြုပြီး အမှန်လုပ်ငန်းဆောင်ရွက်နိုင်မှုပမာဏအပေါ် မူတည်သုံးသပ်၍  ဆက်လက်ခွင့်ပြု  ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ကားတာယာများတင်သွင်းခြင်းနှင့် ပတ်သက်၍ကုမ္ပဏီများ၏တင်ပြ ချက်အရ Re-export စနစ်ဖြင့်တင်သွင်းခွင့် ပြုခြင်းဖြစ်ကြောင်း၊ ကားတာယာများကို ရန်ကုန်ဆိပ်ကမ်းမှတင်သွင်း၍ မူဆယ်မြို့မှတစ်ဆင့် တရုတ် နိုင်ငံသို့တင်ပို့ရန် ပြည်ပကုမ္ပဏီတစ်ခုမှ ကမ်းလှမ်းလာခဲ့ကြောင်း၊ လက်ရှိ၌ မြန် မာနိုင်ငံအတွင်း အသုံးပြုနေသော ကားတာယာများမှာ ပြည်ပမှတင် သွင်းပြီး ပြည်တွင်းဈေးကွက်၌ လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိ သေးသဖြင့် ပြည်တွင်းဈေးကွက်ကို ထိခိုက်နိုင်မှု မရှိကြောင်း၊ ၎င်းတို့ အနေဖြင့်Re-export စနစ်ဖြင့် တင်သွင်းသောကားတာယာများကို ပြည် တွင်းဈေးကွက်၌ ရောင်းချခြင်းမပြုကြောင်းကိုဝန်ခံကတိပြုပါကြောင်း၊ ထို့ပြင် တစ်ဖက်ကုမ္ပဏီ၏ကမ်းလှမ်းချက်အား လက်ခံဆောင်ရွက်မပေးပါ က ဗီယက်နမ်၊ လာအို၊ ထိုင်း၊ ပါကစ္စတန်စသည့်နိုင်ငံတို့မှ ဈေးကွက်ရရှိသွား နိုင်ခြင်းတို့ကြောင့် ွRe-export စနစ် ဖြင့် ကားတာယာများတင်သွင်းခွင့်ပြုပါ ရန်တင်ပြလာခဲ့ခြင်းကြောင့် ယခုကဲ့သို့ ခွင့်ပြုရခြင်းဖြစ်ကြောင်း သိရသည်။
         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန် သုံးဆ မြင့်တက်ရေးကို ဦးတည်ချက်ထား၍ ဆောင်ရွက်လျက်ရှိရာRe-export  စနစ်ဖြင့် ကုန်သွယ်မှုပြုခြင်းဖြင့် ပို့ကုန်တိုးမြှင့်လာမည်ဖြစ်သည်။ ထို့ေ ကြာင့် သကြား၊ ကွမ်းသီးနှင့် စက်သုံးဆီတို့အားRe-export  စနစ် ဖြင့် ကုန်သွယ်မှုပြုရန်ခွင့်ပြုပေးထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။ Re-export ကုန်သွယ်မှုတိုးတက်ဖြစ်ထွန်း ဆောင်ရွက်နိုင်မှုအပေါ် မူတည်၍ ကန့်သတ် ပိတ်ပင် ထားသောအမယ်များ၊ လက်နက်၊ မူးယစ် ဆေးဝါးကဲ့သို့သော အမယ်များမှအပကျန်ကုန်ပစ္စည်းများအပေါ် ပြည်ပ ဈေးကွက်ဝယ်လိုအားနှင့် ပြည်တွင်းထုတ်လုပ်နိုင်မှုအခြေအနေတို့အရ Re-export  စနစ်ဖြင့် လိုင်စင်လျှောက်ထား လာမှုများအား ဆက်လက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။