Main menu

Background

နယ်စပ်ကုန်သွယ်မှုအရ အရေးပါသည့် မူဆယ် (၁၀၅) မိုင်တွင်မောဝ်ရွှေလီ ကုန်သွယ်မှု ဗဟိုဌာနကို အောင်မြင်စွာဖွင့်လှစ်

Thu, 08/04/2016 - 14:59 -- journal_editor

        စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ မူဆယ်မြို့ (၁၀၅)  မိုင် ကုန်သွယ်ရေးဇုန်မှာ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ရဲ့ မောဝ်ရွှေလီကုန် သွယ် ရေးဗဟိုဌာန (Trade Center)  ကို ၂၀၁၆ ခုနှစ်၊ဇူလိုင်လ ၂၂ ရက်နေ့တွင် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တွင်ဖွင့်လှစ်ခဲ့သည်။အဆိုပါ မောဝ် ရွှေလီ ကုန်သွယ်မှု စင်တာကို မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်စိုးတက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားသို့ ကုန်သည် အသင်း အဖွဲ့များစီးပွားရေး လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာအကြီး အကဲများတက် ရောက်ခဲ့ပါသည်။
        မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည် နယ်များတွင် ကုန်သွယ်မှု ဗဟိုဌာန ၈ ခု ကိုဖွင့်လှစ်ပေးခဲ့ပြီး ယခုဖွင့်လှစ်သည့် မောဝ်ရွှေလီသည် မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၏ ကိုးခုမြောက် ပွဲ ဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ယခင်ဖွင့် လှစ်ခဲ့ပြီးဖြစ်သည့် ကုန်သွယ်မှုဗဟိုဌာန များမှာ ရန်ကုန်မြို့၊ မြန်မာ့ကုန်သွယ် မှုဗဟိုဌာန(MTC) ၊မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့တွင်ရတနာပုံ ကုန်သွယ်မှုဗဟိုဌာန၊ ချင်းပြည်နယ်၊ မြစ် ကြီးနားမြို့တွင် မနောမြေကုန်သွယ် မှုဗဟိုဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဇေယျကုန်သွယ်မှု ဗဟိုဌာန၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာကုန်သွယ်မှုဗဟိုဌာန၊ မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့တွင် ဖန် ခါးမြေ ကုန်သွယ်မှုဗဟိုဌာန၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကန္ဒရဝတီ ကုန်သွယ် မှု ဗဟိုဌာနနဲ့ ယခုမူဆယ်မြို့မှာမောဝ် ရွှေလီကုန်သွယ်မှု ဗဟိုဌာနတို့ကို ဖွင့် လှစ်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင်ရခိုင် ပြည်နယ်တွင် သဇင်မြေ ကုန်သွယ်မှုဗဟို ဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာနနှင့်  ချင်း ပြည်နယ်တွင် တောင်ဇလပ် ကုန်သွယ်မှု ဗဟိုဌာနတို့ကို ထပ်မံဖွင့်လှစ်သွားရန် ဆောင်ရွက်လျက် ရှိပါသည်။
         ကုန်သွယ်မှုဗဟိုဌာနများ ဖွင့်လှစ် ရခြင်း၏အဓိကရည်ရွယ်ချက်မှာ စီးပွား ရေးနှင့်ကုန်သွယ်ရေး သတင်း အချက်အလက်များဖြန့်ဝေပေးရန်နှင့်ကုန်သွယ်မှုမြှင့်တင်ရေးဝန်ဆောင်မှုပေးရန် တို့အတွက် ဖြစ်ပါသည်။ မောဝ်ရွှေ လီ ကုန်သွယ်မှု ဗဟိုဌာန၏လုပ်ငန်းစဉ်များမှာ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာသတင်း အချက်အလက်များ မေးမြန်းစုံစမ်းမှုများအား ဖြေကြားခြင်း၊ စာကြည့်တိုက် ဖွင့်လှစ်ထားရှိခြင်း၊ အီလက်ထရောနစ်သတင်းအချက် အလက် များလေ့လာနိုင်ရန် စီစဉ်ပေး ခြင်း၊ ကုန်သွယ်မှုဆိုင်ရာ စာအုပ်စာစောင် နှင့် CD များထုတ်လုပ်ဖြန့်ချီခြင်း၊ မြန်မာ့ ပို့ကုန်ပြခန်း ဖွင့်လှစ်ထားရှိခြင်း၊ ပို့ကုန် ကြော်ငြာခြင်း လုပ်ငန်း ဆောင်ရွက်ပေး ခြင်း၊ ကုန်စည် ပြပွဲဝန်ဆောင် မှုပေးခြင်း၊ စီးပွားရေး နှင့်ကုန်သွယ်မှုဆိုင်ရာ ဆွေး နွေးတိုင်ပင်နိုင်ရန်စီစဉ်ပေးခြင်း၊ စီးပွား ရေး ပညာပေး ဆွေးနွေးပွဲများ စီစဉ်ပေး ခြင်း၊ကုန်သွယ်မှုပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လေ့လာရေးခရီးများ စီစဉ်ပေးခြင်း၊ စီးပွားရေးတွေ့ဆုံ ညှိနှိုင်း ပွဲများစီစဉ်ပေးခြင်း၊ အမှတ်တရပို့ကုန် ပစ္စည်းများရောင်းချခြင်း အစရှိတဲ့ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ဝန် ဆောင်မှုများကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။
           မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အနေဖြင့်လည်း ပြည်တွင်းကုန် ပစ္စည်းများကို ဈေးကွက်ရရှိဖို့နဲ့ ရရှိနေ သည့်ဈေးကွက်များအပြင်အခြားဈေး ကွက်အသစ်များ ထပ်မံရရှိရန်အတွက် နိုင်ငံပေါင်းကိုးနိုင်ငံတွင် စီးပွားရေး သံမှူးများနှင့် ချိတ်ဆက်ပြီး၊ ကုန်သွယ်မှု တိုးမြှင့်ရန်အတွက်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင်ပြည်နယ်နှင့် တိုင်း ဒေသကြီးများတွင် နှစ်စဉ်ကုန်စည်ပြပွဲ များကျင်းပပြီး၊ အလားအလာရှိသည့် ထုတ်ကုန်ပစ္စည်းများကို မှတ်တမ်း တင် ၍ ရောင်းသူ၊ ဝယ်သူတိုက်ရိုက် ချိတ် ဆက်နိုင်အောင် Website တစ်ခု ထူထောင် ဆောင်ရွက်လျက် ရှိပါသည်။ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြောင်း လဲလာသည့်ခေတ်စနစ်နဲ့ လိုက်လျော ညီထွေဖြစ်စေရန်နှင့် ကုန်သည်လုပ်ငန်းရှင်များ၊ လုပ်သာကိုင်သာရှိစေရန်အတွက် ကုန်သွယ်မှုလုပ်ထုံးလုပ်နည်း များ ဖြေလျှော့ပေးခြင်း၊ ကုန်သွယ်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေး၊ကုန်သွယ်မှုစေ့စပ် ညှိနှိုင်း ေ ရးနဲ့ ကုန်သွယ်မှုဆိုင်ရာပညာပေးရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အိမ်နီးချင်း တရုတ်နိုင်ငံသို့ ကုန်သွယ်မှုမြှင့်တင်ရေးအတွက် အရည်အသွေး သတ်မှတ်ချက်စည်းမျဉ်း စည်းကမ်းများ၊ ကုန်သွယ် မှု လုပ်ထုံးလုပ်နည်းများကိုလည်း အပြန် အလှန် အသိပေးခြင်း၊ သတင်းအချက် အလက် ဖလှယ်ခြင်းများ အစရှိတဲ့ အချက် များကိုဆောင်ရွက်ပေးရန်လိုအပ်သည့် အတွက် ကုန်သွယ်မှုအရ အရေးပါသည့် မောဝ်ရွှေလီ ကုန်သွယ် မှု ဗဟိုဌာနကို ဖွင့်လှစ်လိုက်ရခြင်း ဖြစ်ပါသည်။

 

လားရှိုး