Main menu

Background

တမူးကုန်သွယ်ရေးစခန်းရဲ့ ဇူလိုင်လကုန်သွယ်မှု လျာထားချက်ထက်ကျော်လွန်ဆောင်ရွက်နိုင်

Thu, 08/25/2016 - 12:53 -- journal_editor

        တမူးကုန်သွယ်ရေးစခန်းမှ ဇူလိုင်လအတွင်း ပို့ကုန်တင်ပို့ရန် လျာ ထားချက်မှာ အမေရိကန်ဒေါ်လာ သုံးသန်းဖြစ်ပြီး၊ သွင်းကုန် အမေရိကန် ဒေါ်လာတစ်သန်းနဲ့ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးသန်း ဖြစ်ပါ တယ်။ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လျာထားချက် အပေါ် ပို့ကုန်အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၃၀ သန်း၊ သွင်းကုန် အမေ ရိကန်ဒေါ်လာ သုညဒသမ ၈၃၇ သန်းနဲ့ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ် လာ ၅ ဒသမ ၈၆၇ သန်း ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် လျာထားချက်ရဲ့ ၁၄၆ ဒသမ ၆၇ ရာခိုင်နှုန်းအထိ ကျော်လွန်အကောင်အထည်ဖော်နိုင်ခဲ့တာ တွေ့ရပါတယ်။
        တမူးကုန်သွယ်ရေးစခန်းရဲ့ ဇူလိုင်လ လျာထားချက်အပေါ် ဆောင်ရွက်နိုင်ခြင်းမှာ လစဉ်ကုန်သွယ်မှုလျာထားချက် ပြည့်မီရေးအတွက် ရုံးချုပ် ၏ ညွှန်ကြားချက်များနဲ့အညီ  ခရိုင်စီမံခန့်ခွဲရေးကော်မတီ၏ အနီးကပ် ပူးပေါင်း ကြီးကြပ်ပံ့ပိုးမှုနဲ့ ဒေသတွင်းရှိ ဆက်စပ်ဌာနဆိုင်ရာများ၊ OSS ဌာနများနဲ့  ကလေးတမူး- ကလေး၀ နယ်စပ်ကုန်သည် များအသင်း၊ ကုမ္ပဏီလုပ် ငန်းရှင်များနှင့်ပူးပေါင်း၍ ကြိုးပမ်း ဆောင်ရွက်ခြင်းကြောင့် ဖြစ်တယ်လို့ သိရပါ တယ်။
        တမူးကုန်သွယ်ရေးစခန်းရဲ့ ဇူလိုင်လကုန်သွယ်မှုကို ယခင်ဘဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဉ်ပါကလည်း ပို့ကုန်အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၇၃ သန်းပိုမိုပြီး သွင်းကုန် အမေရိကန်ဒေါ်လာ သုညဒသမ ၂၇၆ သန်းလျော့ နည်းခဲ့ သော်လည်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၉၇ သန်းပိုမို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ကာလတူထက်ပိုမိုရခြင်းမှာ ဇူလိုင်လအတွင်း တမူးကုန်သွယ်ရေး စခန်းရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ကွမ်းသီး၊ ငရု တ်ကောင်း၊ အုန်းသီး၊ ပန်းသီး၊ စီးကရက်၊ နမ့်ဖာလုံအမယ်စုံတို့  ပိုမိုတင်ပို့နိုင်ခြင်းကြောင့် ဖြစ်တယ်လို့ သတင်းရရှိပါတယ်။

 

ခင်မိုးသူ