Main menu

Background

မြဝတီကုန်သွယ်ရေးဇုန်တွင် အွန်လိုင်းမှတစ်ဆင့် လိုင်စင်လျှောက်ထားနိုင်ပြီ

Thu, 08/25/2016 - 15:13 -- journal_editor

      မြဝတီကုန်သွယ်ရေးဇုန်တွင် အွန်လိုင်းမှတစ်ဆင့် လိုင်စင် လျှောက်ထားခြင်းစနစ် (Fully Online Licensing System) ကို သြဂုတ်လအတွင်းမှစတင်၍ ကျင့်သုံးတော့မည်  ဖြစ်ကြောင်း မြဝတီကုန်သွယ်ရေးဇုန်၏ ဇူ လိုင် ၂၉ရက်က ကျင်းပခဲ့သည့် ကုန်သွယ်မှုမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးမှ သိရသည်။ အဆိုပါ အွန်လိုင်းမှ လိုင်စင်လျှောက်ထားခြင်းစနစ်ကို အပြည့်အ၀ ကျင့်သုံးနိုင်ရန်အတွက် မှတ်ပုံတင်ပြုလုပ် ခြင်းနှင့် e-Token ရောင်း ချခြင်း လုပ်ငန်းရပ်များကို သြဂုတ်လအတွင်း မြဝတီကုန်သွယ်ရေးဇုန်တွင် စတင်ပြုလုပ်နိုင်ရန်အတွက် နေပြည်တော်ရှိ ကုန်သွယ်ရေးဦးစီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
        ထို့ကြောင့် များမကြာမီတွင် မြဝတီကုန်သွယ်ရေးဇုန်မှ တင်ပို့ တင်သွင်းမည့် ကုန်ပစ္စည်းများအတွက် နေပြည်တော် နှင့် ရန်ကုန်မြို့တို့တွင် သွားရောက်၍ လိုင်စင်လျှောက် ထားရန်မလိုတော့ဘဲ မြဝတီမြို့၌ပင် မှတ်ပုံတင်ပြု လုပ်နိုင် တော့မည်ဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ၂၀၁၆ ခုနှစ် ဇွန်လမှစတင်၍(Fully Online Licensing System) ကို စတင်အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ ပထမအဆင့် အနေဖြင့် ပို့ကုန်ပစ္စည်း ၂၈ မျိုး၊ သွင်းကုန်ပစ္စည်း ၁၅မျိုး၊ စုစုပေါင်း ၄၃ မျိုးတို့အား ဇွန်လ ၇ရက်မှ စတင်ကာ အွန်လိုင်းအသုံးပြု၍ လျှောက်ထားခွင့်ပြုခဲ့သည်။ CMPများကို ဇူလိုင်လအတွင်းက အွန်လိုင်းစနစ်ဖြင့် စတင်ဆောင်ရွက် ခဲ့ကြောင်း သိရှိရ ပါသည်။
        အဆိုပါ(Fully Online Licensing System) နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်သည့် www.commerce.gov.mm တွင် ဝင်ေ ရာက်ကြည့်ရှု နိုင်ပါသည်။

 

ခင်မိုးသူ