Main menu

Background

မူဆယ်ရော စစ်တွေမှပါ နနွင်းတက်တင်ပို့

Wed, 10/05/2016 - 12:47 -- journal_editor

       မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ တတိယပတ်တွင် အမေရိကန်ဒေါ်လာ ၃၄၁၈၅ တန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၄၅ တန်ကျော်ကိုလည်းကောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်ေ တွကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၂၄၀၀ တန်ဖိုးရှိ နနွင်းတက်(ကျောက်ဆည်) တစ်တန် ခွဲကိုလည်းကောင်းအသီးသီးတင်ပို့ခဲ့ကြပါတယ်။ မူဆယ်မှာနနွင်းတက်တစ်တန်ကို (ငွေလဲနှုန်းအရ) ၈၂၈၆၁၅ ကျပ်ခန့်ရှိပြီး စစ်ေ တွမှာတော့ ၁၉၃၁၈၄၀ ကျပ်ရှိတယ် လို့ သိရပါတယ်။ နနွင်းကို မိုးတွင်းကာလမှာ လယ်မြေအနီးတွင်လည်းကောင်း၊ ကျွန်းမြေနဲ့ မူးမြစ်ကမ်းဘေးမှာလည်းကောင်း၊ စိုက်ပျိုးကြပြီး နိုဝင်ဘာ၊ ဒီဇင်ဘာလများမှာ တူးဖော်ကြတယ်လို့ ေ တာင်သူတစ်ဦးက ပြောပါတယ်။

 

မော်မော်အောင်